"မမ" သွန်းခေါ်ရင်းလက်ထဲကအထုပ်လေးကိုသူမဆီကမ်းပေးလိုက်သည်၊၊
သူမလှမ်းယူပြီးသွန်းကိုမေးငေါ့ကာမေးလေသည်၊၊
"သဘော်သီးထောင်းနဲ့ကြက်ဥကင်လေ
မမဘူးကတော့အပေါ်ဆုံးကဟာနော်"
သွန်းလက်ညှိုးလေးထိုးကာညွှန်ပြလိုက်လေသည်၊၊သူမလည်းပြုံးပြီးခေါင်းလေးညိမ့်ပြလေသည်၊၊
"မမ ခဏနော်"ဆိုကာခြင်းတောင်းလေးယူပြီးလိုတာလေးတွေယူဖို့ပြင်လေသည်၊၊ခေါက်ဆွဲပြုတ်၊ဘီစကွတ်စတဲ့သရေစာမုန့်ထုပ်လေးတွေရယ်နွားနို့ဘူးကြီးတစ်ဘူး၊ဒိန်ချဥ်ဘူးကြီး၁ဘူးယူလိုက်လေသည်၊၊ပြီးတော့စျေးတွေကြည့်ကာကိုယ့်ကိုတွက်လိုက်ပြီးခေါက်ပိုက်ဆံအိတ်လေးထဲက၅ထောင်တန်ထုတ်ကာသူမကောင်တာဆီလျှောက်သွားသည်၊၊
ဝယ်သူတစ်ယောက်ရှေ့မှာမို့သွန်းခဏရပ်စောင့်
နေလေသည်၊၊ဝယ်သူထွက်သွားသည်နှင့်သွန်းသူမရှေ့ခြင်းလေးချပေးလိုက်လေသည်၊၊သူမကလည်းခြင်းထဲကပစ္စည်းတွေကိုထုတ်ပြီးပလက်စတစ်အိတ်ထဲထည့်လေသည်၊၊သွန်း၅ထောင်တန်တစ်ရွက်ကိုသူမဆီကမ်းတော့အလိုမကျစွာဖြင့်သူမသွန်းလက်လေးကိုပြန်တွန်းလေသည်၊၊
"အာ.....
မမအဲ့လိုလုပ်လို့ဘေဘီမဝယ်ရဲတာနော်
ယူရမှာပဲ"သွန်းပြောပြီးသူမဆီလှမ်းပေးပြန်သည်၊၊"အွန်း....အဲ့ဆိုအနမ်းနဲ့ရှင်းလေ"သူမနှုတ်ခမ်းလေးကိုဆူကာပြောလေသည်၊၊
သွန်းပြုံးလိုက်ပြီး
"မမကတော့လေ.....တော်တော်တတ်နေတာ""ဘယ်လိုလဲ....
အနမ်းနဲ့ပဲရှင်းတာလက်ခံမှာနော်
ငွေသားလက်မခံဘူး"သွန်းလည်းဘေးဘီကိုဝေ့ကြည့်လိုက်ပြီးသူမနှုတ်ခမ်းလေးဖူးဖူးလေးကိုဖွဖွလေးနမ်းလိုက်လေသည်၊၊သွန်းပြန်ခွာဖို့လုပ်နေတုန်းသူမခြေဖျားလေးထောက်ပြီးလက်နှစ်ဖက်နဲ့သွန်းလည်ပင်းကိုဖက်လိုက်လေသည်၊၊
အသက်ရှူခက်လာတဲ့အချိန်မှသူမလွှတ်ပေးလိုက်ပြီးသွန်းကိုကြည့်ကာရှက်သွေးဖြာနေလေသည်၊၊
"မမအရမ်းကဲတာပဲနော်.....
တစ်ယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲကွာ"
YOU ARE READING
Right Person
Romanceချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံရပြီးအချစ်ကိုစိတ်ကုန်သွားတဲ့ကောင်မလေးနဲ့ ကားအက်ဆင့်ဖြစ်ပြီးစကားပြောဖို့အခက်အခဲဖြစ်နေတဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်း