အပိုင်း(၅)

3.3K 286 5
                                    

"ဟာ....
ငါ့အအေးဘူးကိုဘာလို့စုပ်သောက်တာလဲ"
သွန်းလုပ်လက်စအလုပ်ကိုရပ်ကာယမင်းလက်ထဲကအအေးဗူးကိုဆွဲယူလိုက်လေသည်၊၊

"အဟွတ်....အဟွတ်"
သောက်လက်စကိုဆွဲယူလိုက်သည်မို့ယမင်းသည်းသွားလေသည်၊၊

လူတိုင်းမှာအကျင့်စရိုက်မျိုးစုံရှိတတ်ကြသည်၊၊
သွန်းကတော့သူ့အင်္ကျီသူများယူဝတ်တာမကြိုက်သလို၊အအေးဘူး ရေဘူး ရေခွက်တို့ကိုလည်းစုပ်သောက်ယူသောက်တာတို့လည်းမကြိုက်ပေ၊၊သူမကြိုက်ရင်လည်းအားမနာဘဲစိတ်ထဲရှိတဲ့အတိုင်းဆက်ဆံတတ်သည်၊၊ဒါကြောင့်လည်းဘယ်သူ့နဲ့မှမတည့်ပေ၊၊ယမင်းကစိတ်မဆိုးတတ်ဘဲနားလည်မှုရှိသူမို့တော်သေးသည်ဆိုရမည်၊၊

သွန်းလည်းအအေးဗူးဝကိုသူ့အင်္ကျီစနဲ့သုတ်ရင်း
"ငါမကြိုက်တာကိုဟာ.....
ပိုက်ရှိတဲ့ဟာကိုပိုက်နဲ့မသောက်ဘဲနဲ့......"

ယမင်းလည်းပွစိပွစ်ိပြောနေတဲ့သွန်းကိုအမြင်ကတ်တာနဲ့Okပူတင်းပေါင်မုန့်တလုံးကိုယူကာသွန်းပါးစပ်ထဲထိုးထည့်လိုက်လေသည်၊၊သွန်းပါးစပ်မှာပေါင်မုန့်တန်းလန်းနဲ့စကားတွေလည်းဗလုံးပထွေးဖြစ်သွားလေသည်၊၊

"ငါမေ့သွားလို့ပါဟယ်
နင်ကနားကိုငြီးတယ်
အပျိုကြီးဖြစ်မယ့်ဟာမ
ပေးပေး......
အဲ့အအေးငါပဲသောက်လိုက်မယ်
ရော့....."ဆိုကာပိုက်ဆံအိတ်ထဲမှ၅၀၀ထုတ်ကာသွန်းစားပွဲမှာချပေးလိုက်လေသည်၊၊သွန်းလည်းပါးစပ်ကပေါင််မုန့်ကိုလက်နဲ့ကိုင်ကာဖယ်လိုက်လေသည်၊၊

ယမင်းလည်းစိတ်မရှည်တာနဲ့သွန်းလက်ထဲကအအေးဗူးကိုဆွဲယူလိုက်လေသည်၊၊

"၅၀၀ပဲလား
သွားဝယ်ရတဲ့ခြေညောင်းခရှိသေးတယ်လေ"သွန်း ယမင်းကိုစပြီးပိုက်ဆံကိုအိတ်ထဲ
ထည့်လိုက်လေသည်၊၊

ယမင်းစိတ်တိုတိုနဲ့သွန်းလက်မောင်းကိုရိုက်ချပြီး
"သေလိုက်မသာမ......."

ရှေ့ကLeaderကမတ်တပ်ထပြီးသွန်းတ်ို့ကို
"ဟိုညီမလေးတို့ရန်ဖြစ်နေကြတာလား...."

သွန်းနဲ့ယမင်းလည်း
"မဟုတ်ပါဘူးအမ
စကားပြောနေကြတာပါ"

Leaderအမကြီးလည်းပြန်ထိုင်ပြီးသူ့အလုပ်သူပြန်ဆက်လုပ်လေသည်၊၊သွန်းတို့ကတော့ကရယ်ပြီးတစ်ယောက်နဲ့တစ်ယောက်တိုးတိုးကြိတ်ပြောနေလေသည်၊၊

Right PersonWhere stories live. Discover now