သွန်း လက်မလေးနဲ့New feed အထက်အောက်ပွတ်နေတုန်းကိုယ့်acc ss နဲ့surprise giftရထားပါတယ်ဆိုတဲ့postကိုတွေ့သွားလေသည်၊၊
စားချင်လိုက်တာဆိုပြီးshareထားတာတွေ့လို့ပါ
ဒါလေးတွေစားပြီးပျော်ပျော်နေပါနော်🐻
ညီမလေးပျော်နေတာပဲမြင်ချင်ပါတယ်.....
ဆိုတဲ့ဝက်ဝံemojiလေးနဲ့စာကိုမြင်တော့သွန်းသူမမှန်းသိသွားလေသည်၊၊သွန်းကတော့ဘာရယ်မဟုတ်ရေညှိထမင်းလိပ်နဲ့တော့ပူကီကိုမြင်တော့ဒီတိုင်းသာshareလိုက်မိသည်၊၊
ဒီနေ့တနေ့လုံးသူမစာတွေဝင်နေပေမဲ့သွန်းဝင်ကိုမကြည့်ခဲ့ပေ၊၊သွန်း messenger ထဲဝင်ပြီးသူမစာတွေကိုကျော်ကလက်ချောင်းသွယ်သွယ်နဲ့စာရိုက်လိုက်လေသည်၊၊
"ကျေးဇူးတင်ပါတယ်အမ
ဒါမဲ့ညီမလက်မခံပါရစေနဲ့,...."
သွန်းစာကိုထိုင်စောင့်နေတဲ့သူမို့သူမချက်ချင်းseenပြကာ
"ဘာလို့လဲဟင်
အမကစားစေချင်လို့ပါ"
သွန်းကလည်းသူများဆီကအလကားယူရတာသဘောမကျတဲ့သူမို့
"ညီမအားနာလို့ပါ....ပြီးတော့
သူများဆီကအလကားယူရတာဝန်လေးလို့ပါအမ...."
သူမ သွန်းစကားကြောင့်စိတ်မကောင်းဖြစ်သွားပြီး
"ညီမလေးကြည့်ရတာအမနဲ့မခင်ချင်ဘူးထင်တယ်......တအားစိမ်းကားနေသလိုပဲနော်
ဘာလို့လဲဟင်....
အမအားနည်းချက်ကြောင့်လား"
သွန်း သူမစာလေးကိုဖတ်ပြီးရင်ထဲမကောင်းဖြစ်သွားလေသည်၊၊ဒါနဲ့ပဲချက်ချင်း
"အာ.....အဲ့လိုမဟုတ်ဘူးအမ"
"တောင်းပန်ပါတယ်
အမကြောင့်ညီမလေးစိတ်အနှောင့်အယှက်သွားရင်...."
သွန်းလည်းလိုင်းကနေချက်ချင်းသူမကိုဖုန်းခေါ်လိုက်လေသည်၊၊
သူမဖုန်းကိုင်လိုက်တော့.....
"Helloအမ...."
"အင်း...."
ပြန်ထူးသံလေးနဲ့အတူသူမရဲ့ရှိုက်သံလေးတွေကိုပါသွန်းတဖက်ကနေကြားရလေသည်၊၊
"ဟို....အမ
တကယ်အဲ့တာကြောင့်မဟုတ်ပါဘူး"
သွန်းလည်းရှင်းပြချင်တာကြောင့်ကိုယ့်အကြောင်း၊ခံစားချက်တွေကိုသူမကိုပြောဖို့ဆုံးဖြတ်လိုက်လေသည်၊၊ဒါဟာသွန်းဘဝမှာသူစိမ်းတစ်ယောက်ကိုပထမဆုံးတရင်းတနှီးကိုယ့်အကြောင်းကိုအစအဆုံးပြောပြခြင်းသာဖြစ်သည်၊၊
YOU ARE READING
Right Person
Romantizmချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံရပြီးအချစ်ကိုစိတ်ကုန်သွားတဲ့ကောင်မလေးနဲ့ ကားအက်ဆင့်ဖြစ်ပြီးစကားပြောဖို့အခက်အခဲဖြစ်နေတဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်း
