အခန်း(၆)

3K 278 7
                                    

"သမီး.....ဘယ်လိုလဲ
ကောင်လေးကရည်ရည်မွန်မွန်လေးနော်
သူ့အမေကလည်းဖော်ရွေပြီးသဘောကောင်းရှာတယ် တစ်ဦးတည်းသောသားလေးဆိုတော့
သူ့မိဘတွေကလည်းတော်တော်ချစ်ရှာတာ"

အမေကတော့သဘောကျပြီးစကားတွေရွှန်းရွှန်းဝေနေပေမယ့်ရွှန်းတွယ်တာခင်ကတော့မျက်နှာလည်းမကောင်းပြန်လည်းမဖြေပေ၊၊

ရွှန်းအသက်လည်းမငယ်တော့တာမို့အမေက
ပွဲစားမမော်အဆက်သွယ်နဲ့ကြင်ဖက်တွေ့ဖို့စီစဥ်ဖြစ်သည်၊၊သမီးလေးတစ်ယောက်ပဲရှိတော့သည်မို့မသေခင်သူ့မျက်စိ‌ရှေ့မှာတင်သာယာတဲ့မိသားစုလေးနဲ့မြင်တွေ့သွားချင်သည်၊၊ဒါမှလည်းသူစိတ်ချလက်ချထားခဲ့နိုင်မည်လေ၊၊

ကောင်လေးကကုမ္ပဏီတစ်ခုရဲ့မန်နေဂျာ.....
ရည်ရည်မွန်မွန်လေးမို့အမေကတော့သဘောကျနေလေသည်၊၊ခက်တာကရွှန်းယောကျ်ားလေးတွေကိုသဘောမကျတာပင်၊၊တက္ကသိုလ်တက်တုန်းကကောင်လေးတွေဝိုင်းဝိုင်းလည်ခဲ့ပေမဲ့သူတို့အပေါ်စိတ်လည်းမဝင်စား၊ခံစားချက်လည်းမရှိခဲ့ပေ၊၊

မထင်မှတ်ဘဲပထမဆုံးရင်ခုန်သံတွေရဲ့ဖန်ဆင်းရှင်ကမိန်းကလေးတစ်ယောက်သာဖြစ်နေခဲ့သည်၊၊ဘယ်ဘဝကရေစက်တွေမှန်းမသိသွန်းသီရိမေဆိုတဲ့ကလေးမလေးကိုမြင်မြင်ချင်းရင်းနှီးချင်မိသည်၊၊ထိုကလေးမလေးရဲ့တနေ့တာ၊ပျော်ခြင်း၊ဝမ်းနည်းခြင်းတွေအကုန်သိချင်မိသည်၊၊အတူတူရှိနေရင်ကိုနွေးထွေးပြည့်စုံနေလေသည်၊၊

လူတစ်ယောက်ကို
စစချင်းသဘောကျမိမယ်......
ဒါဟာသူ့ရဲ့အလှအပကြောင့်
ဖြစ်ချင်ဖြစ်မယ်.......
မဟုတ်ရင်လည်းကိုယ်သဘောကျတဲ့အချက်ကြောင့်ဖြစ်ချင်ဖြစ်မည်၊၊

သို့သော်ရင်းနှီးမိပြီးနောက်မှာတော့သူဟာကိုယ့်အတွေးထဲမှာအချိိိိန်တိုင်းစိုးမိုးလာပြီးစွဲလမ်းစိတ်တွေနဲ့သူ့ကိုကြိုက်နှစ်သက်လာမည်၊၊

နောက်ဆုံးအဆင့်ကတော့......
သူရဲ့အရာရာဖြစ်တည်မှုတိုင်းကို
မြတ်နိုးမိလာတာ.....
ပိန်ခြင်း ဝခြင်း ကောင်းခြင်း ဆိုးခြင်း စတဲ့အရှိရှိကိုလက်ခံပြီးချစ်မိလာတာ......

ခုခေတ်ကတော့
သဘောကျရုံနဲ့ချစ်တယ်သုံးနှုန်းမယ်.....
ဒါမှမဟုတ်သူ့အထီးကျန်ခြင်းအတွက်
သင့်ကိုချစ်တယ်လို့သုံးနှုန်းချင်သုံးနှုန်းမယ်....
အချိန်တန်ရင်ဆက်ဆံရေးတွေကိုလွယ်လွယ်နဲ့ပြတ်တောက်ပစ်လိုက််မယ်......
ထိုလူတွေကြောင့်ပဲချစ်ခြင်းတရားကတန်ဖိုးမဲ့လာသည်၊၊

Right PersonWhere stories live. Discover now