"သမီးခုတလောအိပ်မက်တွေမမက်တော့ဘူးနော်....."
ရွှန်းတွယ်တာခင်လည်းအမေပြောတော့မှကိုယ့်ကိုပြန်တွေးမိတော့သည်၊၊အရင်ကဆိုနေ့စဥ်နေ့တိုင်းအိပ်မက်ဆိုးအတိတ်ဆိုးကြောင့်ညရောက်လာမည်ကိုကြောက်ရ၏၊၊သွန်းနဲ့တွေ့ပြီးနောက်ပြောစရာမကုန်တဲ့စကားတွေပြောရင်းတနေ့တနေ့အချိန်ကုန်လို့ကုန်မှန်းမသိတော့ပေ၊၊
"ဟုတ်တယ်မေမေ.....
ခုတလောမမက်တော့ဘူး""ကောင်းတယ်သမီး
တခါနဲ့တင်တုန်လှုပ်ခြောက်ချားခဲ့ပြီးပြီ
အတိတ်ကိုအတိတ်မှာပဲထားခဲ့ချင်ပြီကွယ်"ပြောရင်းနန်းကြီးသုတ်ကိုနယ်ကာရွှန်းပါးစပ်နားတေ့ပေးလိုက်သည်၊၊ရွှန်းလည်းပါးစပ်လေးဟတော့အမေကခွံပေးလိုက်ပြီး
"ဘာလိုလဲသမီး.....အတော်ပဲလား"ရွှန်းသေချာလေးအရသာခံဝါးကာလက်မလေးထောင်ပြလိုက်သည်၊၊အမေကလည်းသူ့ဘာသူမြည်းပြီး"ရှယ်ပဲ.....သမီးဟင်းရည်တွေထည့်လိုက် စားကြရအောင်"
ရွှန်းလည်းပန်းကန်လုံးသေးလေးထဲဟင်းရည်ထည့်ကာစားပွဲမှာချလိုက်သည်၊၊အမေကတော့ပန်းကန်ပြားနှစ်ချပ်ထဲဝေမျှခွဲထည့်နေလေသည်၊၊
"သမီး ဒါနဲ့ဟိုကလေးမလေးရုံးကပြန်လာရင်ခေါ်ကျွေးလိုက်ဦး......
ပြီးရင်အိမ်ပါထည့်ပေးလိုက်ဦး မနေ့ကသူ့အိမ်ကများကြီးထည့်ပေးလိုက်ရှာတာ"ရွှန်းထိုင်ခုံမှာထိုင်လိုက်ပြီးပြုံးပြကာ
"ဟုတ်မေမေ"စားသောက်ပြီးရွှန်းအောက်ထပ်ကိုဆင်းကာဆိုင်ထိုင်လေသည်၊၊ဖုန်းလေးကိုကြည့်လိုက်တော့သွန်းမက်ဆေ့လေးပို့ထားသည်ကိုတွေ့ရသည်၊၊
ရွှန်းလည်းဖွင့်ကြည့်လိုက်တော့
"မမ ဘေဘီရုံးသွားပြီနော်
လွမ်းနေမယ်သိလား.....များကြီးချစ်တယ်နော်"
ဆိုတဲ့မက်ဆေ့လေးကိုတွေ့ရသည်၊၊သွန်းနှုတ်ခမ်းထောင့်လေးတွန့်ချိုးသွားပြီးလက်ချောင်းသွယ်သွယ်လေးတွေနဲ့တတောက်တောက်ရိုက်နှိပ်လိုက်လေသည်၊၊"အစစအရာရာဂရုစိုက်နော်ဘေဘီ
ပိုချစ်တယ်နော်"တစ်ဖက်မှာလည်း......
YOU ARE READING
Right Person
Romanceချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံရပြီးအချစ်ကိုစိတ်ကုန်သွားတဲ့ကောင်မလေးနဲ့ ကားအက်ဆင့်ဖြစ်ပြီးစကားပြောဖို့အခက်အခဲဖြစ်နေတဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်း