Unicode
" ကိုယ်မင်းဆီပြန်လာခဲ့မယ်ဆိုရင် လက်ခံဦးမှာလဲ ဘတ်ဟျွန်းနီး"
"ဟင့်အင်း ကျေးဇူးပြုပြီး ပြန်မလာပါနဲ့" ဘတ်ဟျွန်းကြောက်ကြောက်လန့်လန့်ဖြင့်ငြင်းမိသည်။
"မင်းကိုယ့်ကိုချစ်သေးတယ်မဟုတ်လား ဘတ်ဟျွန်းနီးရဲ့" ထိုသူကခနဲ့ပြုံးပြကာပြောလာသည်။
"မချစ်ဘူးနော် မင်းအထင်လွဲနေတာ မင်းကိုလုံး၀မချစ်တော့ဘူး"
"ဆရာဗြောင် ၊ ဆရာဗြောင် ထပါဦး" နာမည်ကိုအလောတကြီးခေါ်နေသံကြားသောကြောင့်ဘတ်ဟျွန်း မျက်လုံးများကိုအားယူကာဖွင့်လိုက်မိသည်။
"Emergencyမှာ အိပ်ဆေးoverdoseဖြစ်ထားတဲ့လူတယောက်ရောက်နေလို့ပါ"
"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်အခုလာခဲ့မယ်နော်"
Nurseမလေးကဘတ်ဟျွန်းအားအရိုအသေပြုကာလာရာလမ်းအတိုင်းပြန်သွားပြီ။
"အာ.....အိမ်မက်မို့လို့တော်သေးပါရဲ့" သူတယောက်ကြားစာငြီးငြူနေသည်။Duty Coatနဲ့ နားကြပ်ကိုအမြန်ဆွဲကာ Emergency သို့ပြေးရသည်။
SAUDADE
"ဘတ်ဟျွန်း" အဝေးမှလှမ်းအော်ခေါ်သံကြောင့်ဘတ်ဟျွန်းလှည့်ကြည့်လိုက်တော့ စီနီယာထယ်ဟို
"ဘတ်ဟျွန်းနီး ဂျူတီပြီးပြီလား"
"ဟုတ်တယ်Hyung အခုအိမ်ပြန်တော့မလို့"
"အင်းးးးးးးး Hyung မြို့ပေါ်ခဏသွားပြီး၀ယ်စရာရှိတာတွေ၀ယ်လို့ ဘတ်ဟျွန်းနီးလိုက်မလား"
"ကျွန်တော်လဲလုပ်စရာမရှိဘူးဆိုတော့လိုက်ခဲ့ရင်ကောင်းမယ်"
"ဒါဆိုလဲမြန်မြန်သွားကြတာပေါ့"
ဆောင်းရာသီကိုကျော်လွန်ပြီးနွေဦးကိုရောက်လာပြီမို့လို့ဘတ်ဟျွန်းအမှန်တကယ်ပင်ရာသီဥတုကိုသဘောကျမိသည်။
"Sakuraတွေတောင်ပွင့်နေပြီပဲ။ သူတို့တွေကတကယ်သစ္စာရှိတယ်လို့ပြောလို့ရတယ် သူ့ရာသီချိန်ရောက်တာနဲ့ပွင့်လာကြတော့တာပဲ" ထယ်ဟိုကကားမောင်းနေရင်းခပ်ပြုံးပြုံးနဲ့ဆိုလာသည်။
