3

208 25 2
                                    

Unicode 🪅

"ဘတ်ဟျွန်းနီး"

"ဘာလဲ"

"မင်းကရောဘယ်မှာနေမှာလဲ"

"ငါ့ဘာသာဘယ်နေနေပေါ့ မင်းအလုပ်လား"

ဘတ်ဟျွန်း ချန်းယောလ်လက်ထဲကရုန်းထွက်ကာသူ့အခန်းရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်။

ဘတ်ဟျွန်းဘယ်မှာနေလဲဆိုတာကိုအလွန်သိချင်တဲ့ချန်းယောလ်အဖို့က‌တော့လှေခါးရင်းကနေလည်ပင်းရှည်ရှည်နဲ့ချောင်းရတော့တာပေါ့

ဒုန်း

အဝါရောင်တံခါးလေးကိုဒုန်းခနဲမြည်အောင်ပိတ်သွားသည့်ပေါက်စကိုချန်းယောလ်မျက်တောင်မခတ်တန်းကြည့်နေမိသည်။

အခုမှ‌ချန်းယောလ်သတိရသည်။ မနက်စာ သူအခုချိန်ထိမနက်စာမစားရသေးဘူး။ ဟိုပေါက်စကလဲချန်းယောလ်ကိုမနက်စာစားဖို့ဘာမှမပေးသွား။ ကြံမရတဲ့အဆုံးဘတ်ဟျွန်းရှိတဲ့အဝါရောင်အခန်းကိုသာတံခါးသွားခေါက်တော့သည်။

5မိနစ် မဟုတ်သေးဘူး 10မိနစ် ဒီထက်လဲကြာချင်ကြာလိမ့်မယ်။ ချန်းယောလ်အဝါရောင်တံခါးကိုမရပ်မနားခေါက်နေပေမဲ့ မာနတစ်ခွဲသားနဲ့ဆရာ၀န်လေးဟာတံခါးလာမဖွင့်သေးပါ။

"ဘတ်ဟျွန်း ဘတ်ဟျွန်း ပြန်အိပ်နေပြီလား"

"ဟာ ဘာလဲကွာ နားကိုညည်းနေတာပဲ" အော်ကျယ်အော်ကျယ်နဲ့ဆက်တိုက်တံခါးကိုထုနေမှသာလာဖွင့်ပေးတော့သည်။

"ဘတ်ဟျွန်းနီး" ချန်းယောလ်သူ့ရှေ့ကအကောင်ပေါက်လေးကိုငေးကြည့်နေမိသည်။ လွန်ခဲ့တဲ့10နှစ်ကနဲ့ကွာခြားသွားတာတွေရှိပေမဲ့အရင်လိုချစ်ဖို့ကောင်းတုန်းပင်

"တံခါးကိုသေမလိုခေါက်ပြီး အခုကျတော့မင်းမှာပြောစရာမရှိတော့ဘူးလား"

"အဟမ်း မနက်စာဘာစားရမလဲမသိလို့လာမေးတာ"

"အောက်မှာမီးဖိုချောင်ရှိတာတွေ့တယ်မဟုတ်လား အဲ့မှာကြိုက်တာစား"

"မင်းလိုက်ပြပါလား ငါကအခုဧည့်သည်လေ မင်းကအိမ်ရှင်။ မင်းလုပ်ပေးသင့်တယ်မထင်ဘူးလား"

"ကျစ် Duty Offရက်တောင်ကောင်းကောင်းမနေရဦးကွာ လာလာ ကြွ"

"ဟီးဟီးကျေးဇူးပါ ဘတ်ဟျွန်းနီး"

SAUDADE (Zawgyi + Unicode)Where stories live. Discover now