Unicode
နေ့သစ်တစ်နေ့တာကိုစတင်ဖို့အတွက်အကောင်းဆုံးစတင်ချင်းကကော်ဖီပူပူတစ်ခွက်ဖြစ်နေလိမ့်မယ်လို့ဘတ်ဟျွန်းထင်မိသည်။ ကော်ဖီကိုစွဲစွဲမြဲမြဲသောက်သည့်ဘတ်ဟျွန်းအတွက်ကော်ဖီသောက်ရင်းတွေးတောရတဲ့အချိန်ဟာလဲအကောင်းဆုံးအချိန်ဖြစ်သည်။
ထယ်ဟိုHyungရဲ့Americaပြန်ညီလေးဆိုလား ထိုသူကိုကော်ဖီပူပူတစ်ခွက်သောက်ကာစောင့်နေမိသည်။ Americaပြန်ဆိုမှကိုယ်နဲ့မသက်ဆိုင်တော့သည့်လူတယောက်အကြောင်းကိုလဲတွေးမိသည်။ အမိမြေဖြစ်တဲ့ကိုရီးယားကနေသူထွက်သွားခဲ့တာ7နှစ်ခန့်ရှိပြီဆိုပေမဲ့ နေ့တိုင်းမဟုတ်ရင်တောင်တခါတလေတော့ဘတ်ဟျွန်းသတိရမိသေးသည်။
ထိုနေ့ကသာမတွေ့ခဲ့ကြရင် ထိုနေ့ကသာနှင်းတောထဲကျနေတဲ့Name Tagလေးကိုမကောက်မိခဲ့လျှင် အခုအချိန်မှာဘတ်ဟျွန်းလူတယောက်အတွက်မပူဆွေးဘဲ တစ်အိုးတစ်အိမ်တောင်ထူထောင်ပြီးလောက်ပြီ။
✰လွန်ခဲ့သော13နှစ်ခန့်က
နှစ်တစ်နှစ်ရဲ့သုံးရာသီကိုဖြတ်သန်းပြီးတဲ့အချိန်မှာဆောင်းရာသီကိုရောက်လာခဲ့ပြီ။ ဆောင်းရာသီရောက်ကြသည်နှင့်အမျှလူတွေဟာ ပထမဆုံးနှင်းကျသည့်ရက်ကိုစောင့်ဆိုင်းကြသည်။ လူတွေပြောကြတာတော့ ပထမဆုံးနှင်းကျတဲ့ရက်မှာတောင်းတဲ့ဆုကအမှန်တကယ်ပင်ပြည့်တယ်ဆိုလား။ ထားပါလေ.......
တစ်နှစ်ပတ်လုံးရဲ့ပထမဆုံးနှင်းကျသည့်နေ့တွင်တောင်းတဲ့ဆုကပြည့်သည်အထင်နဲ့ဆုတောင်းနေသည့်ထဲမှာဘတ်ဟျွန်းလဲအပါအ၀င်ပင်။ ကျောင်းဆင်းချိန်တွင်ဆိုက်ဆိုက်မြိုက်မြိုက်ကျလာသောနှင်းများကြောင့်ဘတ်ဟျွန်းကျောင်းအောက်မှာသာမတ်တပ်ရပ်ဆုတောင်းရတော့သည်။
"အာပါး နဲ့ အိုမား ကျန်းမာကြပါစေ။ အသက်ရှည်ရှည်နေရပြီးကျွန်တော်နဲ့ပျော်ပျော်ရွှင်ရွှင်နေရပါစေ။ကျွန်တော်လဲဆရာ၀န်ကြီးတယောက်ဖြစ်လာပါစေ"
အထက်တန်းကျောင်းသား သားလိမ္မာတစ်ယောက်ရဲ့ဆုတောင်းဟာထိုသို့ပင်ရိုးရှင်းလွန်းသည်။ အဖေရယ် အမေရယ် သူရယ်
ပျော်ပျော်ရွှင်ရွှင်နေနေရလျှင်ပင်ပြည့်စုံနေပြီဟုထင်ခဲ့မိသည်။