Unicode
2009 ရဲ့နွေဦး
ပျင်းခြောက်ခြောက်ဆောင်းရာသီကိုကုန်ဆုံးပြီးသည်နှင့်ချယ်ရီတွေပွင့်တဲ့နွေဦးကိုရောက်လာပြန်ပြီ ။
"ဘတ်ဟျွန်း လကုန်ကျရင်လေ့လာရေးခရီးရှိတယ်တဲ့"
"ကင်ဂျုံအင်းတို့ကတော့လုပ်ပြန်ပြီ"
ကျောင်းကနေကြားသမျှဟုတ်ဟုတ်မဟုတ်ဟုတ်သတင်းများကိုအမြဲတမ်းသယ်လာတဲ့ကောင်။ ဒီတခါရောဘယ်ကနေနားစွန်နားဖျားကြားလာပြန်ပြီလဲမသိ။
"ဒီတခါတော့တကယ်ဖြစ်လောက်တယ်ကွ။ ဆရာမတွေရုံးခန်းမှာပြောနေတာကိုဟောဒီနားကြီးနဲ့ကြားလာတာ"
ကျောင်းအုပ်ဆရာကြီးကအလွန်အမင်းကပ်စေးနဲလို့တက်ခဲ့ဖူးတဲ့တောက်လျှောက်တစ်နှစ်မှလေ့လာရေးခရီးမလွှတ်ပေ။ ဒီနှစ်လည်းမရှိလောက်ဘူးလို့ပဲထင်ရတာပေါ့။
"ဟုတ်ချင်လည်းဟုတ်မှာပေါ့ ။ ထားပါ သွားဖြစ်ရင်တောင်ငါကလိုက်ဖြစ်မယ်မထင်ဘူး"
"ဟာ ဘာလို့လဲဘတ်ဟျွန်းရယ်"
"ဟေ့ကောင် အထက်တန်းနောက်ဆုံးနှစ်ကွ အထက်တန်းနောက်ဆုံးနှစ်။ အခုအချိန်လောက်အရေးကြီးတာမရှိဘူး ငါ့ကောင်ရဲ့"
"Hyperကြီးကတော့နောက်ပြီကွာ ။ ကျောင်းသားဘ၀ကိုပျော်လို့ရတုန်းပျော်စမ်းပါကွာ ။ နောက်မင်းပျော်ချင်ရင်တောင်ပျော်လို့မရဘူး။ စာဆိုတာနောက်မှလုပ်လို့ရတယ်"
"ကျောင်းသားဘ၀မှာထပ်ပျော်ချင်ရင်နောက်နှစ်မှပြန်ဖြေ"
……………………………………………………………
"မင်းတို့သိရင်ပျော်သွားမယ့်သတင်းထူးပြောစရာရှိတယ်"
ဘတ်ဟျွန်းအပါအ၀င်တစ်တန်းလုံးကဆရာမဘာဆက်ပြောမလဲဆိုတာကိုစိတ်၀င်စားစွာစောင့်မျှော်နေကြသည်။
"လကုန်ကျရင်ကျောင်းဆရာကြီးကမင်းတို့ကို တောင်တက်လေ့လာရေးခရီးပို့ပေးမယ်တဲ့"
"ဟ ဖြစ်နိုင်လို့လား"
"ဆရာမရယ် မနောက်ပါနဲ့"
"အမေးဇင်းပါပဲ ခင်ဗျာ"
"ဆရာကြီးကဒီလောက်ကပ်စေးနဲတာ ကျွန်တော်တို့ကိုလမ်းတစ်၀က်နဲ့ရောင်းစားခဲ့မှာတော့မဟုတ်ဘူးမလား"