Unicode 🪅
တစ်လနည်းပါးရှိခဲ့လေပြီ~~~
ချန်းယောလ်ဆိုလ်းသို့ပြန်သွားပြီး နောက်ထပ်ထပ်မလာတော့ပေ ။ ဒီလူဘယ်လောက်ထိအလုပ်များနေလို့များ မလာနိုင်တာလဲလို့တောင်ဘတ်ဟျွန်းတွေးမိသည်။
ကိုယ့်ဆီလာတာမဟုတ်ရင်တောင် သူအရမ်းချစ်ပါတယ်ဆိုတဲ့သူ့အကိုဆီတော့လာသင့်တယ်လေမဟုတ်ဘူး။
တင်းတောင်
တင်းတောင်
တင်းတောင်အိမ်ရှေ့ကbellသံကြားတိုင်းရင်ခုန်ရတာကဒီတစ်လအတွင်းဘတ်ဟျွန်းရဲ့အလုပ်တစ်ခုလိုဖြစ်နေပြီ။
"ဟာ "
တံခါးဖွင့်လိုက်သည့်အချိန်တွင် နေ့ခင်းကြောင်
တောင်ခေါင်းပေါ်မိုးကြိုးပစ်လိုက်သလိုခံစားရသည်။အသားညိုညိုထောင်ထောင်မောင်းမောင်းလူတယောက် ၊ အညိုရောင်အမွေးပွခွေးတစ်ကောင်ကိုရင်တွင်ပိုက်ထားပြီး သူ့ကိုသွားဖြဲပြနေသည်။ ဘေးမှာလဲအထုတ်ကြီးအထုတ်ငယ်နဲ့
"ဘတ်ဟျွန်းနား ဟဲဟဲ"
"ဟာ ဒါကဘယ်လိုဖြစ်လာတာလဲ။ ဒီမှာလာနေမှာတော့မဟုတ်ဘူးမဟုတ်လား"
"ဟ ငါ့ကောင်ကြီး ဆရာ၀န်မဟုတ်ဘဲဗေဒင်ဆရာလုပ်စားပါလား။ မှန်ပါ့ဗျာ ဒီစောက်ချောကြီးကမင်းနဲ့တူတူလာနေမလို့"
နေ့ခင်းကြောင်တောင်မိုးကြိုးပစ်ခံရရုံတင်မကဘူး လေမုန်တိုင်းပါတိုက်တာ ။ ဘာလို့လာစေချင်တဲ့လူကမလာဘဲ မထင်ထားတဲ့လူကရောက်လာရတာလဲလို့ ဘတ်ဟျွန်းစဉ်းစားမိသည်။
ထို့နောက် လာစေချင်တဲ့လူကဘယ်သူလဲလို့လဲကိုယ့်ကိုယ်မေးခွန်းပြန်ထုတ်လိုက်သည်။
"မင်းဆီလာရတာနည်းတဲ့ခရီးမဟုတ်ဘူးကွာ ပင်ပန်းလိုက်တာ ။ Monggu ရေ Hyung တို့အထဲ၀င်ကြမယ်နော်။ အော် အထုတ်လေးတွေသယ်လာခဲ့နော် ဘတ်ဟျွန်း ငါကMongguကိုချီထားရတော့လက်မအားဘူး"
သူများအိမ်ပေါ်ကိုလဲမမေးမမြန်းနဲ့တက်လာသေးတယ်။ အထုတ်လဲသယ်ခိုင်းသေးတယ်။ လွန်တယ်မထင်ကြဘူးလား
"အိုက်ဂူး ငါတို့Mongguလေးအရမ်းပင်ပန်းနေပြီ။ ပူတယ်မဟုတ်လား ပူတယ်နော် ဟုတ်တယ်မဟုတ်လား။ နေဦး Hyungပန်ကာထုတ်လိုက်ဦးမယ်"