Unicode 🔆
"မောနင်း ဘတ်ဟျွန်းနီး"
"မင်းကဘယ်လိုဖြစ်ပြီးအဲ့အခန်းကနေထွက်လာတာလဲ"
"ဒါကိုယ့်အခန်းလေ"
"ဟမ်"
ကင်ဂျုံအင်းကိုအောက်သို့မောင်းထုတ်ခဲ့သည်ကိုအခုမှပြန်မှန်မိတော့သည်။
"ဘတ်ဟျွန်းနဲ့ချန်းယောလ် အကြည်စိုက်မနေနဲ့ မနက်စာစားဖို့ဆင်းလာခဲ့တော့"
အသံလာရာအတိုင်းကြည့်တော့လှေခါးရင်းမှာခါးထောက်ကာရပ်နေသည့်ကင်ဂျုံအင်း
"ဘယ်သူကအကြည်စိုက်နေလို့လဲ လုပ်လိုက်ရ"
…………………………………………………………
"ဘယ်သွားမလို့လဲ"
"ဘယ်သွားသွားပေါ့"
"ကိုယ်လည်းလိုက်ချင်တယ်လေ"
အသနားခံသည့်မျက်လုံးတွေဖြင့်ကြည့်ကာ လိုက်ချင်ကြောင်းချန်းယောလ်ကဆိုလာသည်။
"ကျစ် အကျီသွားလဲပြီးလိုက်ခဲ့"
"5မိနစ်ပဲစောင့်"
အပေါ်ထပ်ရှိအခန်းသို့အ၀တ်လဲရန်အမြန်ပြေးတက်တော့သည်။ အကျီများများစားစားမပါလာသောကြောင့် ပါလာတဲ့ထဲကအဆင်ပြေမယ့်ဟာမျိုးကိုရွေးချယ်ရတော့မည်။
မျက်လုံးရှေ့အဆင်ပြေမယ်ထင်သည့်မိုးပြာရောင်ရှပ်အကျီတစ်ထည်ကိုယူကာ ဂျင်းဘောင်းဘီတစ်ထည်နဲ့၀တ်လိုက်သည်။ထို့နောက်မှာဖြင့် အချစ်ရှိရာ အောက်ထပ်ကိုအမြန်ပြေးဆင်းရတော့တာပေါ့။
........……………………………………….…..............
"ဘတ်ဟျွန်း အခုဘယ်ကိုသွားနေတာလဲ"
"ငါသွားတဲ့နောက်ကိုလိုက်လေ"
ကားမယူနဲ့ကုန်းကြောင်းလျှောက်မယ်ဆိုသည့်အမိန့်ဆန်ဆန်စကားတစ်ခွန်းကြောင့်အိမ်ကထွက်လာကတည်းကလမ်းလျှောက်နေရတာအခုဆိုအိမ်နဲ့တောင်တော်တော်လေးအလှမ်းဝေးရောပေါ့။
ဘယ်ကိုသွားမယ်မှန်းနဲ့မသိဘဲ သွားတဲ့နေရာကိုလိုက်နေရတာကတော့အဆင်မပြေသေးဘူးလေနော်။နောက်ပြီး ဒီဆရာ၀န်ကဖြတ်လမ်းတွေ လမ်းကြားတွေကနေလည်းဖြတ်သေးတယ်။