9

137 12 4
                                        

Unicode

2009

"ဒါကဘာလဲ ဘတ်ဟျွန်း"

"မင်းရဲ့ name tagလေးလေ"

"ဟမ်"

ဘတ်ဟျွန်းလက်ထဲကြည့်တော့လည်း အောက်ကအဖြူခံပေါ်တွင်"박첸열" လို့ရေးထားသည့်name tag တစ်ခု ။ ဘယ်ကနေဘယ်လိုရလာလည်းမသိ။

"ဟိုတလောကမင်းကျကျန်ခဲ့တာလေ ။ ငါတွေ့လို့ကောက်ထားလိုက်ပေမဲ့ အိမ်မှာကျန်ကျန်ခဲ့လို့အခုမှပဲပေးရတော့တယ်"

သူတို့နှစ်ယောက်သားရဲ့အခြေအနေကတော့ လေ့လာရေးခရီးထွက်ပြီးကတည်းကအရင်ထပ်ပိုမိုရင်းနှီးသွားကာ သူငယ်ချင်းအဖြစ်ပေါင်းသင်းနေကြသည်။

"အော် ကျေးဇူးပဲ ငါအဲ့ဒါပျောက်လို့လိုက်ရှာနေတာ။ ကျောင်းပိတ်ခါနီးမှပဲပြန်တွေါရတယ်လို့"#

"အင်း"

"ဘာပြောချင်သေးလို့လဲ ဘတ်ဟျွန်း"

ဘတ်ဟျွန်းကိုကြည့်လိုက်သည်နှင့်သူ့ကိုတစ်ခုခုပြောစရာရှ်ိနေမှန်းချန်းယောလ်တန်းသိလိုက်သည်။

"ဟို ငါပြောလိုက်ရင်မင်းစိတ်ဆိုးသွားမှာလည်းဆိုးတယ်"

"အင်း စိတ်ကတော့ဆိုးသည့်တာဆိုရင်တော့ဆိုးမှာပေါ့"

"ငါဒါကိုပြောဖို့အကြိမ်ကြိမ်စဉ်းစားခဲ့ပါသေးတယ်။ မင်းငါ့ကိုအထင်သေးသွားမှာကိုလည်းကြောက်တယ်"

"အင်း ပြောမယ့်သာပြောပါ"

"ငါ မင်းကိုသဘောကျမိနေပြီ"

ချန်းယောလ်ဘက်မှဘာတုံ့ပြန်မှုမှမလာသလို ဘတ်ဟျွန်းလည်းဘာမှဆက်မပြောဖြစ် ။ အနီးနားကလေတိုက်၍သစ်ရွက်များရွေ့သွားသည့် တရှပ်ရှပ်အသံကသာအုပ်စိုးထားသည်။

"နည်းနည်းတော့ကဂျိုးကဂျောင်ဆန်နေမယ်ထင်တယ် ဟားဟား" အေးစက်နေသည့်လေထုကိုဘတ်ဟျွန်းဘက်ကစ၍ဖောက်ထွင်းကာပြောလိုက်သည်။

"အဲ့လိုတော့မဟုတ်ပါဘူး ၊ အင်း....... ငါလည်းဘာပြန်ပြောရမလဲတောင်မသိတော့ဘူး"

"ငါမင်းကိုအခက်တွေ့အောင်လုပ်မိပြီနဲ့တူတယ် တောင်းပန်ပါတယ် ။ ဒါမှမဟုတ်ရင်‌လည်း ငါအခုမင်းကိုပြောလိုက်တာတွေကိုမေ့လိုက်ပါ ။ မပြောခဲ့သလိုပဲသတ်မှတ်လိုက်ပါနော်"

SAUDADE (Zawgyi + Unicode)Where stories live. Discover now