[ 0.1 ] Oh! My Little Wang

18K 689 30
                                    

Unicode version



The source of love

episode-1

ရှောင်ကျန့် ထိုကလေးကို ကြည့်နေတာအတော်ကြာပြီ...

မိုးရွာထားလို့ ရွံ့တွေပြဲနေတဲ့ နေရာမှာ သူ့ထက် သုံးနှစ်လောက်အသက်ကြီးတဲ့ကလေးတွေနဲ့ ဆော့နေတာ။ ထိုကလေးက အခုမှ တနှစ်ပြည့်လောက်ဘဲနေသေးမယ်...

တကိုယ်လုံးမှာ ရွံ့တွေပေတလူးနေပြီး ပေါက်စီနှစ်လုံးကို ပါးမှာကပ်ထားသလိုရှိတဲ့ ပါးဖောင်းဖောင်းကြီးမှာလည်း ရွံ့တွေကြည်း။ ရေတဝက် ရွံ့တဝက်ရှိတဲ့ ရေအိုင်ပေါ်ထိုင်ချပြီး ရွံ့ကိုလုံးလိုက်တယ်...

တုတ်တုတ်ကစ်ကစ်လက်လေးတွေက ဖန်ဂေါ်လီလုံးလောက်ဘဲရှိတဲ့ ရွံ့လုံးလေးကို လုံးပြီး ပတ်ပြေးဆော့နေတဲ့ကလေးတွေကို သွားပစ်ပေါက်တယ်။ တော်တော်ဆော့တဲ့ကလေးဘဲ...

ထိသွားတဲ့ကလေးတွေကလည်း ထိုကလေး ပေါက်လိုက်တာမနာပေမယ့် စိတ်ဆိုးသွားဟန်ရှိတာကြောင့် အနားနားကနေ အုပ်စုလိုက်ထွက်သွားကြတယ်။ အဲ့တော့မှ ရေအိုင်သေးသေးလေးထဲမှာ ထိုင်ရက်ကျန်ခဲ့တဲ့ကလေးလေးက ငိုမဲ့မဲ့လေး

" အိ...အင့်အင့်...အဟင့်... "

တဖြည်းဖြည်းငိုဟန်ပြင်လာတဲ့ ကလေးလေးက မိနစ်မခြား။ တအီးအီးဆိုပြီး အော်ငိုလေပြီ။ ကလေးတွေတယောက်မှမရှိတော့ လူကြီးဆိုတော့ ရှောင်ကျန့်တစ်ယောက်တည်းရှိ၏။ သို့ပေမယ့် ခြေတလှမ်းတောင်မရွေ့...

ငိုနေတဲ့ကလေးကို ရှေ့ထားပြီး ကြည့်နေတယ်။

" အီး.ဟီးဟီး... အဟင့်..."

ရွံ့တွေပေတလူး​နေတဲ့ လက်တုတ်တုတ်လေးတွေက စီးကျလာတဲ့ မျက်ရည်မို့မို့လေးတွေကို သုတ်လိုက်တာမို့ ရွံ့တွေက မျက်နှာတစ်ခုလုံးပေကျန်နေလေပြီ။

ဂေဟာထဲ ဝင်ဖို့ပြင်နေတဲ့ ကလေးလေးက ဂေဟာမှူးနဲ့သွားတိုင်ဖို့ပြင်နေသည်နှင့်တူသည်။ အနောက်ကို လေးဘက်ထောက်ရက်လေးလှည့်လာတယ်။

ရပ်ကြည့်နေတဲ့ ရှောင်ကျန့်ကို အင်း ရှောင်ကျန့်ခြေတံရှည်ရှည်ကြီးတွေကို မြင်သွားတဲ့အခါကျတော့ အိခနဲ အငိုတိတ်သွားပြီး ရှိုက်သံတွေနဲ့ ခေါင်းလေးဖော်ကြည့်လာတယ်။

THE SOURCE OF LOVE [ COMPLETE ]Where stories live. Discover now