Unicode version
လက်မောင်းက ကျဉ်ခနဲဖြစ်သွားပြီး ဝင်လာတဲ့အသိစိတ်နဲ့ ရိပ်ခနဲ မူးဝေလာတဲ့ ခေါင်းအစဉ်ကြောင့် စိတ်မရှည်စွာ ကျစ်သပ်ပြီး မျက်လုံးတို့ကို အားယူဖွင့်မိတယ်....
မျက်နှာကျက်ပေါ်က နီရဲရဲမီးဆိုင်နဲ့ ပန်းနုရောင်တွေနဲ့ ဆေးချယ်ထားတဲ့ နံရံအပြင်အဆင်ကြောင့် ဒီအခန်းက သူ့အခန်းမဟုတ်ဘူးဆိုတာကို သိနိုင်သည်....
" အင်းးး...ဟင့်... "
ညည်းငှဲ့သံတိုးတိုးကြောင့် ဘေးကို ကြည့်မိတော့ ရင်ဘတ်ထိဖုံးထားတဲ့ သွယ်လျှတဲ့ သူမက ကိုယ်မှာ အဝတ်မကပ်။ ပိုဆိုးတာက ဟိုက်ချန်ရဲ့လက်တွေက သူမရဲ့ ကိုယ်ပေါ်မှာ ရှိနေခြင်း...
ရုတ်ချည်းဆန်နေလို့ မူးအောင် သောက်မိတဲ့ ကိုယ့်ရဲ့ဦးနှောက်ကို အလုပ်ပေးမိတော့ သူမနဲ့တွဲကပြီးနောက်ပိုင်း သူမက အိမ်ပေါ်တွဲခေါ်သွားတဲ့အထိဘဲ မှတ်မိတယ်...
နှဖူးပေါ် လက်တင်ပြီး ခေါင်းခါရင်း အမူးဖြေနေတဲ့ ဟိုက်ချန်က အိပ်ယာပေါ်ထထိုင်လိုက်တဲ့အခါမှာ ဟန်လျန့်ကနှိုးလာပြီ။ အိပ်ချင်မူးတူးရုပ်နဲ့ ဟိုက်ချန်ကို စိုက်ကြည့်နေတယ်....
" ဟိုက်ချန်... နင်တော့ ဘဝပျက်ပြီဘဲ "
အသိပေးသလို ပြောလာတော့ ဟိုက်ချန်က အလိုမကျစွာ ကျစ်သပ်ပြန်တယ်။ အပေါ်ပိုင်း အဝတ်ဗလာကျင်းနဲ့ ဟိုက်ချန်က သူမကို လှည့်ကြည့်လာတယ်။ ချွေးစေးတွေ လည်ဂုတ်ပေါ်မှာပြန်နေတဲ့ သူကတကယ်ကြည့်ကောင်းတယ်....
" ဟန်လျန့်....မင်းမရှက်တတ်ဘူးလား... မိန်းကလေးဖြစ်ပြီး "
မူးနေတဲ့ ခေါင်းကို နှိပ်နယ်နေပြီး ဟိုက်ချန်ကပြောတယ်။ ဟိုက်ချန်ရဲ့အေျပာကို သူမက မျက်ခုံးပင့်ပြီးပြောရင်း ရင်ဘတ်ထဲဘဲ ဖုံးထားတဲ့စောင်ကို ပုခုံးပေါ်အောင် ပတ်ခြုံလိုက်ပြီး ပြုံးစစနဲ့ ကြည့်လာတယ်....
" နင်နဲ့နေဖူးတာ ဒါပထမဆုံးမှ မဟုတ်ဘဲ "
" မေ့လိုက်။ မင်းနဲ့ငါက ဘာမှမဟုတ်တော့ဘူး။ ငါ့မှာ ငါချစ်တဲ့သူရှိတယ် "
" လေကြီးလိုက်တာ။ နင် ဒီနေ့ uni မသွားတာကောင်းမယ်။ လူတွေက နင့်ကို သနားစရာအဖြစ်ကြည့်ကြလိမ့်မယ် "
YOU ARE READING
THE SOURCE OF LOVE [ COMPLETE ]
FanfictionZSWWSZD [ ZHANYI MYANMAR ] I'll tell you sean. Not yet. I'll tell you daddy.... Start Date - [ 28.7.2021 ] End Date - [ 20.9.2021 ] CREATING BY MAYIE