[ 2.3 ] A boy like you....

4.1K 451 73
                                    

Unicode version

" ဝိုးး ကြည့်ပါအုံး ဘယ်သူရောက်လာလဲဆိုတာ "

အဖြူရောင် ကြိုးဖိနပ်နဲ့ ပန်းနုရောင် အကျီပွပွလေးနဲ့ အပြာနုရောင်ဘောင်းဘီတိုကို တွဲဖက်ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် နောက်ဆုံးနှစ်က အနုပညာမေဂျာကို ရောက်လာတာကြောင့် အခန်းထဲကလူတွေက တဝိုးဝိုးနဲ့ အသံပေးနေကြတယ်...

ကျိုးချန်က ခုံကနေထလာပြီး အလယ်ခုံမှာ မှောက်အိပ်နေတဲ့ ဟိုက်ချန်နောက်စိကို သွားအုပ်ကာ ဟိုက်ချန်ခေါင်းမော့လာတဲ့ အချိန်ကိုစောင့်နေတယ်။

" ဟိုမှာ မင်းရဲ့ဘေဘီ​လေး "

မေးဆက်ပြတဲ့နေရာကို အူကြောင်ကြောင်နဲ့ လှည့်ကြည့်မိတော့ နို့နှစ်ရောင်ပြောင်းသွားတဲ့ ဆံနွယ်လေးတွေရဲ့ ပိုင်ရှင်က ဖိတ်စာတစ်ခုကိုင်ထားတဲ့လက်လေးနဲ့ လှမ်းနှုတ်ဆက်နေလို့ နှုတ်ခမ်းစိုစိုလေးကလည်း ကလေးလေးတစ်ယောက်လိုပြုံးထားသေးတယ်

အပြာတလဲလဲ ထိုင်ခုံပေါ်ကထပြီး ပြေးလာရင်း ခုံနဲ့ ခြေဝင်ထိုးမိပြီး လဲမလိုဖြစ်သွားတော့ အတန်းထဲက ကောင်မလေးစီက အသံထွက်လာပြန်တယ်။ ပိုကိုပိုပါတယ်ဆိုတဲ့ အသံမျိုး...

" ရီပေါ် ဘာလုပ်လာတာလဲ "

ပြုံးရင်း အကြောင်းမရှိ ဂုတ်ကိုပွတ်နေကာ ပြောလိုက်တော့ ရီပေါ်ကလက်ထဲကိုဖိတ်စာတစ်စောင် ထိုးပေးလာတယ်။ ကိုယ်မျှော်လင့်ထားတဲ့ အတိုင်းဘဲ...

ချစ်တယ်ပြောပြီး မွေးနေ့တောင်မသိတာမဟုတ်ပါဘူး။ ရည်းစားဟောင်းကို ဖိတ်ပါ့မလားဆိုပြီးတွေးပူနေတာ....

သပ်ရပ်ပြီး မျိုးစုံပုံဖော်ထားတဲ့ ပန်းဖိတ်စာတစ်ခုက အထက်တန်းဆန်ဆန်ဖြစ်လွန်းနေတာကြောင့် ထင်တာမမှားရင် ဒီမွေးနေ့ပွဲကို CEO XIAO စီစဉ်တာဖြစ်မည်....

နောက်ခံကောင်းတဲ့ ကောင်လေးရဲ့ မွေးနေ့ပွဲကို လူကြီးလူကောင်းတွေနဲ့ ခမ်းခမ်းနားနားလုပ်ပေးချင်လို့နေမှာပေါ့...

" ကျေးဇူးရီပေါ်. ကိုယ့်ကိုဖိတ်ပေးလို့ "

" ဟုတ်... ရပါတယ်... ဟီး... "

THE SOURCE OF LOVE [ COMPLETE ]Where stories live. Discover now