[ 3.1 ] The poison of the past...

3.5K 352 19
                                    

Unicode version

   
   
" စိတ်ဆိုးနေတုန်းလား "

သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ ကောင်လေးနား လျှောက်လာပြီး ခါးလေးကို ဖက်တွယ်ရင်း နားရွက်ဖျားနားတိုးကပ်ကာ ဆိုမိတော့ ခါးက လက်ကိုဖြုတ်ချပြီး ပေစောင်းစောင်းလေးကြည့်လာတဲ့ ကောင်လေး။

ဒါနဲ့ဆို ရှောင်ကျန့်ကို စိတ်ဆိုးတာ နှစ်ကြိမ်ရှိနေလေပြီ။ သားအဖဇုန်ထဲက ထွက်လိုက်လို့ ရဲတင်းလာပုံရတဲ့ ကောင်လေးက ရှောင်ကျန့်ကိုပင် ပြန်စိတ်ဆိုးတတ်နေလေပြီ။ ပုံမှန်ဆို မနေ့က ​ရှောင်ကျန့်ရိုက်ထားသည်မဟုတ်လား။

ဒီကောင်လေးစရိုက်အရဆို တော်ရုံနဲ့ ရှောင်ကျန့် နားကို ကပ်တော့မည်မဟုတ်။ ရှိန်ပြီး ကြောက်နေရမယ့်အစား အခုက ပြန်ပင်စိတ်ဆိုးနေသည်လေ။ အကြောင်းအရင်းက ရှောင်ဝူကြောင့်။

သူ့ချစ်တဲ့လူတွေအတွက်ဆို မလုပ်ရဲဘူးဆိုတာ မရှိသလောက်။ ငယ်ငယ်ကတည်းက ရှောင်ဝူကို ဆူဖို့ရိုက်ဖို့ပြင်ရင် အရှေ့ကနေ ဝင်ကာပြီး ဖြေရှင်းချက်ပေးတတ်တဲ့ ကောင်လေးက အခုလည်း ငြိမ်ကြည့်နေမည်မဟုတ်။

ရှောင်ကျန့် ဒေါသကို ဆွနေမှန်း သိရက်နဲ့တောင် ရှောင်ဝူကိုဘဲ ကူညီပေးဖို့ ရွေးချယ်လိုက်ပုံရတဲ့ ကောင်လေးက ရှောင်ကျန့်ဘာပြောပြော နားထဲ ဝင်တော့မည်မဟုတ်။ ဒါတွေ ရှောင်ကျန့်မကြိုက်တာဖြစ်သည်။

" ရီပေါ် ကိုယ့်ကိုကြည့်ပါအုံး "

ခါးကို ပြန်ဖက်တွယ်ရင်း အားသုံးပြီး ဆွဲလှည့်လိုက်တော့ ခါးနာနေသေးပုံရတဲ့ ကောင်လေးက ဟန်ချက်ကို မထိန်းနိုင်တော့ အနောက်ကိုယိုင်သွားတယ်။

ချောင်းတဟမ်းဟမ်းနဲ့ အနားနားကနေ ထွက်သွားတဲ့ ကောင်မလေးတွေ အတန်းဖော်တွေကြောင့် ပါးလေးက ရဲတတ်သွားပြီး လက်နုနုလေးတစ်ဖက်က ရင်ဘတ်ပေါ်ကို အားနဲ့ကျရောက်လာတယ်။

" လွှတ်ပေး "

ခါးက လက်ကို အတင်းဖြုတ်ချနေတဲ့ ကောင်လေးကို ပိုပြီးတင်းကြပ်စွာ ဖက်တွယ်မိတော့ ပိုပြီးနီးကပ်သွားတဲ့ ကိုယ်လေးက အဆုံးကျတော့ ဝိုင်းကြည့်နေတဲ့ လူတွေကြောင့် ရင်ဘတ်​ပေါ် မျက်နှာအုပ်ပြီးငြိမ်ကျသွားတယ်။

THE SOURCE OF LOVE [ COMPLETE ]Where stories live. Discover now