Unicode version
The source of loveEpisode-4
အနီရောင် suit ကို necktie တိုင်နဲ့ သပ်သပ်ရပ်ရပ် တွဲဖက်ဝတ်ဆင်ထားတဲ့ အရပ်၆ပေ၃လက်မခွဲအရပ်ပိုင်ရှင်ကြီးရဲ့ ခြေထောက်တွေက အစိမ်းရောင်တွေနဲ့စီချယ်ထားတဲ့ အခန်းတစ်ခုစီကို ဦးတည်နေတယ်...
အစိမ်းရောင်အခန်းတခန်းရှေ့မှာ ရှူးဖိနပ်သံတွေ ရပ်တန့်သွားတယ်။ တံခါးဖွင့်ပြီး အထဲကို ဝင်သွားတဲ့ ရှောင်ကျန့်က အိပ်ယာပေါ်မှာ အိပ်နေတဲ့ ကလေးတစ်ယောက်ကို နှိုးဖို့ပြင်ရတယ်...
" ဝမ်ရီပေါ် ထတော့ ဒီနေ့ တက္ကသိုက်ပထမရက် "
အခန်းတံခါးကို လက်စစ်နဲ့ခေါက်ခါအသံပေးရင်း ခပ်သြသြအသံနဲ့ အသိပေးသလိုပြောလိုက်တော့ လုံးထွေးနေတဲ့စောင်ပုံထဲကနေ ခေါင်းလေးထောင်ပြီး ကြည့်လာတယ်....
လက်နှစ်ဖက်က အိပ်ယာအောက် တွဲလောင်းကျနေပြီး ခြေထောက်တစ်ဖက်ကလည်း ခေါင်းအုံးပေါ်တင်ထားတယ်။ ဖြစ်နေတဲ့ position ကလည်း ကုတင်ခြေရင်းမှာခေါင်းရောက်နေတဲ့ပုံစံ...
စောင်ပုံထဲကနေ ခေါင်းလေးထောင်ကြည့်ပြီး ရီပေါ်က မျက်နှာကို အိပ်ယာပေါ်ပြန်အပ်တယ်။ ထို့နောက် အိပ်ချင်မူးတူးအသံဖြင့်လည်း ရှောင်ကျန့်ကို စောင်ပုံထဲကနေပြန်ခံပတ်လိုက်ပါသေးတယ်...
" အခန်းထဲဝင်ရင် တံခါးခေါက်ရမှန်းမသိဘူးလားပါးပါး "
" မင်းထမှာလား မထဘူးလား "
" ထမယ်...ငါးမိနစ်ဘဲ "
ပြောပြီးတာနဲ့ ပတ်ဝန်းကျင်ပြန်တိတ်ဆိတ်သွားတယ်။ ရှောင်ကျန့် သူ့ရှေ့က လက်ငါးချောင်းထောင်ပြပြီး ပြန်အိပ်နေတဲ့ ကလေးကိုကြည့်နေမိတုန်း....
ကလေးလို့တောင် မခေါ်ထိုက်တော့ဘူး။ ကောင်လေးအရွယ်ဖြစ်နေပြီ။ ကောင်လေးလို့ကို မမြင်မိဘူး။ ဟိုးလွန်ခဲ့တဲ့၁၇နှစ်လောက်က ဂေဟာကကောက်လာတဲ့ ကလေးတစ်ယောက်လို့ဘဲ မြင်နေတုန်း...
မြင်ကတည်းက ကီးမကိုက်ဘူးလို့ မှတ်ချက်ချခဲ့တဲ့ ရှောင်ကျန့်အတွက် သူ့ဘက်ကမလျှော့ပေးမခြင်း ထိုကလေးကလည်း ပြန်တောင်းပန်မည့်ပုံမဟုတ်ခဲ့....
YOU ARE READING
THE SOURCE OF LOVE [ COMPLETE ]
FanfictionZSWWSZD [ ZHANYI MYANMAR ] I'll tell you sean. Not yet. I'll tell you daddy.... Start Date - [ 28.7.2021 ] End Date - [ 20.9.2021 ] CREATING BY MAYIE