[ 3.8 ] Black world

2.3K 241 12
                                    

Unicode version

   
   

ဒုတိယနှစ်ကျောင်းသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်အားကို ကိုးချင်တယ် လို့ ပြောတဲ့ ရီပေါ်က ကျောင်းမဖွင့်မီ သုံးရက်အလိုမှာဘဲ အထုပ်အပိုးတွေနဲ့ အိမ်ပေါ်က ဆင်းသွားတယ်။

ကျောင်းမဖွင့်ခင် တစ်လအလိုကတည်းက ရှောင်ကျန့်ပေးတဲ့ မုန့်ဖိုးတွေကို စုတဲ့အပြင် အချိန်ပိုင်းအလုပ်တွေ လုပ်ကြည့်ချင်သည်ဟု ပြောလာသောကြောင့် ပျော်ရာသာလုပ်ပါလေ ဆိုပြီး လွှတ်ထားခဲ့တာ...

တစ်လလည်းပြည့်ရော အချိန်ပိုင်းအလုပ်နှစ်ခုနဲ့ စုထားတဲ့ မုန့်ဖိုးတွေနဲ့ ရှောင်ကျန့်ပေးထားတဲ့ card ကို သုံးပြီး အိမ်နဲ့ အတော်အလှမ်းဝေးတဲ့ အဆင့်မြင့်ကွန်ဒိုတစ်ခန်းဝယ်ရင်း ပိုတဲ့ ပိုက်ဆံတွေကို ထပ်စုထားသည်။

အိမ်က ဆိုင်ကယ်တစ်စီးကို ယူသွားပြီး ရှောင်ကျန့်စီက ငွေတစ်ချို့နဲ့ ကွန်ဒိုကို ပြောင်းသွားပြီးကတည်းက တစ်ပတ်မှ တစ်ခါသာ အိမ်ပြန်လာတတ်သည်။ ကွန်ဒိုကို လာတွေ့တာတောင် အတင်းနှင်လွှတ်နေသေး

ပြီးတော့ ရီပေါ်အိမ်ပြန်လာသည့်နေ့ကလည်း ရှောင်ဝူ တစ်နေကုန် Gang မှာဘဲ နေသည့် တနင်္ဂနွေနေ့ဖြစ်သည်။ ရီပေါ်ရဲ့ ပြောချက်အရ ကျောင်းစတတ်တဲ့နေ့က သား​ရှောင် ရီပေါ်ကို စကားတောင်လှမ်းမပြောဘူးတဲ့...

ရီပေါ်ကသာ ရှေ့ခုံမှာ အပေါင်းအသင်း အသစ်တစ်ချို့ ရလာပေမယ့် နောက်ဆုံးတန်း ထောင့်ဆုံးက ရှောင်ဝူကတော့ ခပ်အေးအေးဘဲ။ အမြဲတမ်း နားကြပ်နဲ့ စာအုပ်နဲ့ဘဲ။ ဘာတွေက ဒီကလေးကို တည်ငြိမ်သွားစေမှန်းမသိပါ။

Blind date လုပ်ခိုင်းတဲ့နေ့တုန်းက သားရှောင် ဟယ်ရီနဲ့ မစေ့စပ်ချင်ဘူးဟူ၍ ဖွင့်ဟလာတယ်။ ပြန်စဉ်းစားပေးမယ်ပြောတော့ အခက်တွေ့နေရင် ကျွန်နော်မငြင်းပါဘူးတဲ့လေ။ ဟယ်ရီလည်း ထို့နေ့ကစလို့ အနေအထိုင်ဆင်ခြင်လာသလိုဘဲ

မဟုတ်ဘူး။ Jack နဲ့ တည့်အောင် ပေါင်းနေတာ။
ဟိုတလောကတောင် hot pot အတူတူ သွားစားကြသေးတယ်ဆိုဘဲ။ ရှောင်ဝူကိုတော့ Jack က တစ်ချက်တစ်ချက် ရီမှိုင်းမှိုင်း ကြည့်တတ်ပေမယ့် အများအားဖြင့် လျစ်လျူရှုနေတာများတယ်။

THE SOURCE OF LOVE [ COMPLETE ]Where stories live. Discover now