မိုးဖွဲလေးတွေ တဖွဲဖွဲကျနေတဲ့ မိုးရာသီမှာ လမ်းပေါ်မှာလည်း ညကမိုးရွာထားတဲ့အရှိန်ကြောင့် မြေနံ့လေးတွေသင်းနေပြီး အိပ်ရာထဲမှာကွေးလို့အကောင်းဆံုးချိန်
အဲ့အချိန် နှစ်ထပ်တိုက်လေးရဲ့ အခန်းတစ်ခန်းထဲမှာရှိတဲ့ ကောင်လေးလည်း စောင်ပုံတွေကြားထဲကွေးနေလေသည်
6နာရီထိုးတာနဲ့ နှိုးစက်မလိုသူ့အလိုလိုပွင့်လာတဲ့ မျက်လုံးတွေ မျက်လုံးဖွင့်လိုက်ပေမယ့် မျက်လုံးပိတ်ထားတဲ့အချိန်နဲ့ဘာမှမခြား အားလုံးအမှောင်အတိ
နိုးတာနဲ့အိပ်ရာပေါ်ကထပြီး ဘေးစားပွဲပေါ်တင်ထားတဲ့ လမ်းလျှောက်တုတ်လေးကိုယူပြီး တစ်ကိုယ်ရေတကာယအတွက် ရေချိုးခန်းသို့ဝင်လေသည်
တိတ်ဆိတ်နေတဲ့အခန်းထဲ၌လမ်းလျှောက်တုတ်လေးရဲ့ ကြမ်းပြင်ကိုရိုက်သံ တောက်တောက် အသံကလွဲလို့ ဘာသံမှမကြားရပေ
ရေချိုးခန်းထဲကထွက်လာပြီး အဝတ်ဘီဒိုလေးဆီသွားကာ အကျင်္ီနဲ့ဘောင်းဘီထုတ်ပြီးဝတ်လိုက်သည်
သူ့အတွက်တော့ ဒါတွေတစ်ယောက်ထဲလုပ်ရတာမဆန်းပေ
accident တစ်ခုကြောင့်အမြင်အာရုံဆုံးရှုံး သွားထဲက တစ်ယောက်တည်းလုပ်ခဲ့တာတွေပင် ကူညီပေးမယ့်သူတွေရှိပေမယ့် ကိုယ့်ဘာကိုယ်ပဲလုပ်သည်ပြင်ဆင်ပြီးသွားတော့မနက်စာစားဖို့အောက်ထပ်ဆင်းလာခဲ့သည်
"ဟျောင်းလာလေ အစောကြီးပဲ ထလာတာ"
သူခေါင်းပဲငြိမ့်ပြပြီး ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်
"ဟျောင်းဒီနေ့ကျွန်တော်ဆိုင်လိုက်ခဲ့မယ်"
"အင်း"
အင်းတစ်လုံးပဲပြောပြီး အိမ်ရှေ့ခန်းမှာသွားထိုင်လေသည်ကျွန်တော့်နာမည် ပတ်ဂျီမင်း ဆိုလ်းအနုပညာတက္ကသိုလ်တက်ရမှာ အခုတော့တက္ကသိုလ်တွေမဖွင့်သေးလို့ဟျောင်းရဲ့ဆိုင်လိုက်သွားပြီးကူေပးေနတာ။
ဟျောင်းနဲ့ကဘာမှမတော်ဘူး ငယ်ငယ်တည်းကအိမ်နီးနားချင်း ဟျောင်းကaccidentတစ်ခုကြောင့်အမြင်အာရုံဆုံးရှုံးသွားတာ ေဟျာင်းမိဘတွေကလည်း အဲ့accidentကြောင့်ပဲဆုံးသွားတာ အဲ့ဒါကြောင့်ကျွန်တော့်အမေနဲ့ ကျွန်တော်နဲ့ကဟျောင်းကို စောင့်ရှောက်နေရတာ ဟျောင်းက cafe shop လေးဖွင့်ထားတာ မျက်စိမကွယ်ခင်တုန်းကတော့ ဟျောင်းကသူ့ဘာသာသူကိတ်မုန့်တွေလုပ်တယ် မျက်စိကွယ်သွားတော့ဘာမှမလုပ်ပေမယ့် ဆိုင်သွားပြီး ကောင်တာတော့ထိုင်သည်။
YOU ARE READING
I can't not see but I can feel
Fanfictionငါ့လိုမျက်မမြင်တစ်ယောက်ကို မင်းအဆုံးထိချစ်နိုင်မှာမဟုတ်ဘူး Kim Seokjin ဟျောင်းဘာတွေပဲဖြစ်နေဖြစ်နေ ကျွန်တော်ဘယ်တော့မှဟျောင်းလက်ကိုမလွှတ်ဘူး ...