P 18

844 99 12
                                    

"ငါတို့ကို ပြောစရာတစ်ခုခုများမရှိဘူလား"
ဂျီမင်းမှ စမေးလိုက်သည်
"ဟီး😁 သူငယ်ချင်းတို့ ဒါကဒီလိုရှိတယ်ကွ"
"ဘယ်လိုရှိလဲ ပြောပါဦး?"
ထယ်ယောင်း မျက်ခုံးတစ်ဖက်ပင့်ပြီး ဝင်ထောက်လိုက်တော့ ဂျောင်ကုလည်း ဖြစ်စဉ်အစအဆုံး ကိုစီကာပတ်ကုံး ပြောပြလိုက်ရသည်
ဘေးနားမှာ စားစရာတွေတစ်ခုပြီးတစ်ခု ပါးစပ်ထဲသွပ်နေတဲ့ ဆော့ဂျင်ကတော့ သူတို့သုံးယောက်ရဲ့ ပြောစကားများကို နားထဲမဝင်နိုင် အစားသည်သာ တစ်ကမ္ဘာဖြစ်နေသည်
JM "ဆိုတော့ မင်းတို့နှစ်ယောက်ကဘာလဲ?"
Jk "မသိဘူးလေ"
Tae "ချစ်သူတွေလား?"
Jk "မဟုတ်ဘူး"
JM "ညီအစ်ကိုတွေလား?"
Jk "မဟုတ်ဘူး"
Tae "သူငယ်ချင်းတွေလား?"
Jk "မသိဘူး"
JM "ရား! ဂျွန်ဂျောင်ကု! မင်း ဘူးတစ်လုံးနဲ့ပဲ ငြင်းနေမှာလား"
Tae "အေးလေ တိကျတဲ့အဖြေပေးလေကွာ"
ဘာမေးမေးဘူးခံငြင်းနေတဲ့ ဂျောင်ကုကို နောက်ဆုံးစိတ်မရှည်တော့ဘဲ ထအော်တော့တဲ့ vmin
Jk "ငါ့ဘာငါ့တောင် ဘာမှန်းမသိတာ မင်းတို့ကိုဘယ်လို တိကျတဲ့အဖြေပေးရမှာလဲ"
"အာ့ဆိုလည်း မင်းဂျင်ဟျောင်းကို သေချာအောင်မေးလေ"
"အယ် နာ့ကို ဘာမေးနာလဲ"
ထယ်ယောင်းအပြောကြောင့် ဘေးနားမှာ မုန့်စားနေတဲ့ဆော့ဂျင် ပလုတ်ပလောင်းနဲ့မေးလာတာကြောင့် စကားပင်မပီတော့
"ဂျင်ဟျောင်း ကျနော်တစ်ခုမေးမယ် အမှန်တိုင်းဖြေနော်"
"မင်းက ဘာမေးမှာမလု့ိလဲ"
‌"ဟျောင်း ဂျောင်ကုကို......."
"အာ! ဘာမှမဟုတ်ပါဘူးဟျောင်းရာ အဲ့ကောင်သက်သက်ဟျောင်းကို လျှောက်နောက်တာ ဘာမှမဟုတ်ဘူး မုန့်ပဲစားနော်"
ဂျီမင်းမေးတာမဆုံးလိုက် ဖြတ်ပြောလာတဲ့ ဂျောင်ကု
"ဟျောင့်! ငါမေးနေတာကို ဘာလို့ဖြတ်ပြောတာလဲကွ"
"မင်းကလည်း ဟျောင်းကဖျားနေတုန်းမလို့ ငါ့ကို ဒီတိုင်းချွဲတာကို အခုနေသွားမေးလည်း ချစ်တယ်ဖြေမှာပဲလေ"
"ဒါပေမယ့်လည်း ချစ်တာကချစ်တာပဲလေ"
"ဟျောင်းနေပြန်ကောင်းလာလို့ သွားမေးလို့မဟုတ်ဘူးဆို ငါပဲခံစားရမှာပေါ့ကွ"
"အသံသွင်းထားလိုက်ပေါ့ကွ"
"အေးလေ ဂျီမင်းပြောတာမှန်တယ်"
"ကု!!!"
"ဗျာ" "ဗျာ" ဗျာ"
ဆော့ဂျင်မကြားအောင် ပါးစပ်လှုပ်ရုံသာ အငြင်းအခုံလုပ်နေကြတဲ့ ဂျောင်ကုတို့သုံးယောက် ဆော့ဂျင်ခေါ်သံကြောင့် သုံးယောက်လုံးပြိုင်တူထူးမိသွားသည် ခေါ်ခံရတာကတော့ဂျောင်ကု ကျန်တဲ့နှစ်ယောက်ကတော့ ယောင်ယမ်းပြီးထွက်သွားခြင်းဖြစ်သည်
"အယ် ဟျောင်းက ကုကိုပဲခေါ်တာလေ ဘာလို့ ဂျီမင်းနီးနဲ့ ထယ်ယောင်းနီး အသံပါထွက်လာတာလဲ"
နားမလည်သလို မျက်လုံးလေးကလယ်ကလယ်နဲ့ မေးလာတဲ့ ဆော့ဂျင်
"အားးး ကျနော်တို့က ယောင်းသွားလို့ ဟီး😁ဟုတ်တယ်နော် ထယ်ယောင်း"
သူ့ကိုပြူးကြည့်လာတဲ့ ထယ်ယောင်းကိုစားပွဲအောက်ကနေ ခြေထောက်တက်နင်းလိုက်တော့သည် ထိုတော့မှ ထယ်ယောင်းလည်း အယောင်ယောင်အမှားမှားနဲ့ ဂျီမင်းစကားကို ဝင်ထောက်သည်
"အမ်!! အော် ဟုတ်တယ် ဟုတ်တယ် ယောင်သွားတာ😁"
ရှေ့ကနေ ရှိသမျှသွားဖြီးပြပြီး ပြောနေတဲ့ ဂျီမင်းနဲ့ ထယ်ယောင်းကို ဆော့ဂျင်တစ်ယောက်မမြင်နိုင်ပေမယ့် အကြားအာရုံမှာသူများထက်ကောင်းသူပီပီ vmin နှစ်ယောက် တစ်ခုခုဖြစ်နေကြပီမှန်း သူတို့နှစ်ယောက်အသံနားထောင်ရုံနဲ့ ဆော့ဂျင်တစ်ယောက် သိလိုက်သည် ဒါ‌ေပမယ့် မမေးတော့ပါ သူ့အစားသာသူဆက်စားနေသည်
"ဟျောင့်ပြီးရင် မင်းဘာလုပ်မှာလဲ"
ဂျီမင်းမှ သူ့ရှေ့ကဂျောင်ကိုကုမေးလိုက်သည်
"ဘာလုပ်ရမှာလဲကွ အိမ်ပြန်ရမှာပေါ့ အပြင်မှာမှောင်နေပြီ"
ချွမ်!!!💥
ဆော့ဂျင်လက်ထဲမှ တူပြုတ်ကျသွားခြင်းပင်
"ဟင်! ဟျောင်းဘာဖြစ်လို့လဲ စားမကောင်းလို့လား"
ဂျောင်ကုမှပြာပြာသလဲမေးတော့ ဆော့ဂျင်ဂျောင်ကုအသံလာတဲ့ဘက်သို့လှည့်ကာ ကု ဆိုပြီး ခပ်ချွဲချွဲခေါ်လိုက်တော့
ဂျောင်ကုသာမက ရေသောက်နေတဲ့ ဂျီမင်းကော တော့ပိုကီနှိုက်နေတဲ့ ထယ်ယောင်းရဲ့လက်တွေကော ရပ်တန့်သွားသည်
"ဗျာ"
"ကုက ပြန်တော့မို့လားဟင် ဟျောင်းကိုတစ်ယောက်တည်းထားခဲ့ပြီးတော့လေ"
"အမ်! မဟုတ်သေးဘူးလေ ဟျောင်းတစ်ယောက်တည်းမဟုတ်ဘူးလေ ဂျီမင်းရှိတယ်လေ"
"ဟင့်! ရပါတယ် ကုကထားရက်ခဲ့မှတော့ ဟျောင်းကလည်းကုထားခဲ့တဲ့ နေရာမှာပျော်ပျော်ကြီး ကျန်ရစ်ခြင်းဆိုတဲ့ ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး နေခဲ့ပါ့မယ်"
ချက်ချင်းလက်ငင်းကို မျက်ရည်တွေဝဲလာပြီး တကယ်အတည်ပေါက် ဝမ်းနည်းနေတဲ့အကြောင်းကို ကဗျာတွေ စာတွေဖွဲ့ပြီးပြောနေတဲ့ဆော့ဂျင်ကိုကြည့်ပြီး ဂျောင်ကုတို့သုံးယောက်လုံး ပြောစရာစကားတွေပျောက်ရှကုန်သည်

I can't not see but I can feelWhere stories live. Discover now