P 24

819 81 15
                                    

"ဂျင်ဟျောင်း အဲ့ဒါမလုပ်နဲ့"
"ဂျင်‌ေဟျာင်း အဲ့နားမသွားနဲ့"
"ဂျင်ဟျောင်း ခနလေး မစားနဲ့ဦး ကျနော်လာခဲ့မယ်"
"ဂျင်ဟျောင်း အဲ့နားက ကြမ်းတိုက်ထားတာချော်လဲမယ်"
"ဂျင်ဟျောင်း အဲ့နားကနေထိုးတယ် ဒီနားလာထိုင်"
"ဂျင်ဟျောင်း......
"ဂျင်ဟျောင်း......
အခုဆိုရင်တော့ ကော်ဖီဆိုင်လေးအတွင်း၌ ကောင်လေးတစ်ယောက်ရဲ့ ဂျင်ဟျောင်းလို့ခေါ်သံက နေရာအနှံ့မှာပင် မနက်ရောက်ပါပြီဆိုတည်းက ဆော့ဂျင်နောက် တကောက်ကောက်လိုက်ကာ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ အဲ့ဒါမစားနဲ့ အဲ့ကိုမသွားနဲ့ နဲ့လိုက်ပြောနေတာ တစ်ဆိုင်လုံးကို သူ့အသံကြီးပင် လာစားတဲ့ စားသုံးသူတွေတောင် သူ့တို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ တစ်ခါတစ်လေသူမအားရင် ဆိုင်က waiter လေးတွေကို လှမ်းခိုင်းရတာနဲ့ waiter လေးတွေမှာ သူခိုင်းတာပဲလုပ်ရမလို ဆိုင်အလုပ်ပဲလုပ်ရမလို ထယ်ယောင်းနဲ့ဂျီမင်းမှာလည်း သူ့အပြောမလွတ်ပေ ထိုသူကတော့ နှစ်ယောက်မရှိတဲ့ဂျွန်ဂျောင်ကု

At vmin side
ကျနော်တို့ကို ဘယ်သူမှမကယ်နိုင်ကြတော့ဘူးလားဟင် တမနက်လုံး ဒီကောင့်အသံကြီးပဲ ဂျင်ဟျောင်းဆိုတာလည်း ပါးစပ်ကမချဘူး ဟျောင်းကိုဘာမှမလုပ်ခိုင်းလို့ သူကိုယ်တိုင်လည်း လုပ်တယ်မထင်လိုက်ပါနဲ့ ရှိသမျှအလုပ်ကျနော်တို့ကိုပဲ သိမ်းကြုံးခိုင်းနေတာ သူကိုယ်တိုင်ကတော့ ဂျင်ဟျောင်းနောက် ‌တကောက်ကောက် ဂျင်ဟျောင်းရဲ့ အရိပ်တောင် သူ့လောက်အနားမှာမရှိနိုင်ဘူး အခုလည်း သူ့ဟျောင်းဗိုက်ဆာနေမှာစိုးလို့တဲ့ ချောကလက်ကိတ်နဲ့ ချောကလက်ကော်ဖီပူပူလေးကို သူကိုယ်တိုင်ခွံ့ကျွေးနေလေရဲ့ ဂျင်ဟျောင်းကလည်းငြင်း‌ရှာပါတယ် တမြုံ့မြုံ့နဲ့ကို ဝါးနေတာ တမနက်လုံး လုပ်ထားရတဲ့ ကျနော်တို့နှစ်ယောက်ကိုကျတော့ မောနေပြီလား ရေသောက်မလားမေးဖို့အပြောနဲ့ မျက်စိထဲကောမြင်ရဲ့လားမသိဘူး သူ့ဟျောင်းမျက်နှာတစ်ကမ္ဘာထင်နေတဲ့ ဂျွန်ဂျောင်ကု အရမ်းကိုချစ်ဖို့ကောင်းတဲ့သူငယ်ချင်း တစ်ယောက်ကိုရထားတာပဲ

"ဟျောင့် ဂျောင်ကု ငါတို့ဂိမ်းဆိုင်သွားရအောင်"
ဂျင်ကုနှစ်ယောက်ထိုင်နေတဲ့ ဝိုင်းမှာသွားထိုင်ကာ ပြောလိုက်တဲ့ ထယ်ယောင်း
"သွားပါလား"
"မင်းမလိုက်တော့ဘူးလား"
ဂျီမင်းမေးလိုက်တော့ ဆော့ဂျင်ကိုမုန့်ခွံ့နေရင်းမှသူတို့ဘက်လှည့်ကာ
"ငါအားနေတာတွေ့လား ချင်းဂူး"
အဲ့လိုပါဆို သူ့ဟျောင်းကလွဲလို့ ကျန်တဲ့သူတွေကို စကားအကောင်းမပြောတဲ့ကောင် သူ့ဟျောင်းနဲ့ကျတော့ မျက်ခွက်က်က ပျားရည်ကို သကာရည်ထပ်စမ်းထားတဲ့အခွက်နဲ့ ကျနော်တို့နဲ့ကျတော့ မျက်မှောင်ကြီးကြုတ် ဆယ်နှစ်လောက်အိုစာနေတဲ့ရုပ်နဲ့ 😒 မပြောလိုက်ချင်ဘူး
"ဟျောင့်ဂျောင်ကု ဂျင်ဟျောင်း ကလေးမဟုတ်ဘူးနော်"
"ငါ့အတွက်တော့ ကလေးပဲ ဒါတွေကို မင်းတို့လို အချစ်ကိုမခံစားဖူးတဲ့fa တွေသိမှာမဟုတ်ပါဘူးကွာ"
ဘာမဆိုင်ညာမဆိုင် ကြားထဲကနေ အနှိမ်ခံလိုက်ရသော vmin
"ဂျီမင်းသွားရအောင် ဒီနားကလေကောင်းလေသန့်မရဘူး"
"အေး ဟုတ်တယ် သွားမယ်" ဆိုပြီး ဂိမ်းဆိုင်သို့ချီတက်သွားလေရဲ့
"ကြွ ကြွ"
ထယ်မင်းနှစ်ယောက်ထွက်သံားတော့ ဂျောင်ကုလည်းသူ့ဟျောင်းဘက်လှည့်ကာ
"ဟျောင်း ‌မစားတော့ဘူးလား တော်ပီလား"
"အင်း ဟျောင်းဗိုက်ဝပီ"
"အာ့ဆိုရော့ ဒါသောက်လိုက်ဦး" ဆိုပီးချောကလက်ကော်ဖီခွက်ကိုဆော့ဂျင်လက်ထဲထည့်ပေးရင်း လက်ကောက်ကောက်လေးတွေကို အမိအရဆုပ်ကိုင်လိုက်တဲ့ ဂျောင်ကု
"ကု သွားစရာရှိရင်သွားလို့ရတယ်နော် ဟျောင်းကိုအားမနာနဲ့"
"ဘာလဲ ဟျောင်းက ကျနော်ဟျောင်းအနားမှာနေတာမကြိုက်လို့ အနုနည်းနဲ့နှင်ထုတ်တာလား"
"အဲ့လိုမဟုတ်ပါဘူးကုရဲ့ ၏ျောင်းကဟျောင်းကြောင့် ကုအလုပ်‌ေတွပျက်သွားမှာစိုးလို့ပြောတာ"
"ပျက်စရာအလုပ်မရှိဘူး ကျနော့်အလုပ်က 24နာရီ တပတ် 365ရက် အချိန်ဖြင့် ဟျောင်းအနားမှာနေပြီး ဟျောင်းကိုစောင့်ရှောက်ပေးဖို့နဲ့ အပြည့်အဝချစ်ပေးဖို့ပဲ အဲ့ဒါကျနော့်အလုပ်ပဲ"
"စကားတွေတော်တော်တတ်နေတယ်ပေါ့"
"အဲ့လို စကားတတ်တဲ့ ကျနော့်ကို အဖြေလေး
ပြန်မပေးချင်ဘူးလား"
"ဘာမှလည်းမဆိုင်ဘူး"
"ဆိုင်မဆိုင်ဗျာ"
"ကု မင်းဟျောင်းလို မျက်မမြင်ကို အဆုံးထိချစ်နိုင်မှာမဟုတ်ပါဘူးကွာ မင်းခနတာစိတ်ကစားတာပဲဖြစ်မှာ မင်းကအခုမှငယ်ငယ်လေးရှိသေးတာ ရှေ့ဆက်ရမှာတွေအများကြီးကျန်သေးတယ် ရှေ့လျှောက်တွေ့ရမယ့်လူတွေက ဟျောင်းထက်သာရင်သာမှာပဲလေ"
"ဟင့်အင်း ကျနော့်ရဲ့ အနာဂတ်မှာ ဘယ်လိုလူတွေနဲ့ပဲတွေ့လာတွေ့လာ ဟျောင်းထက်ဘယ်သူမှ ကျနော့်နှလုံးသားလေးကို နိုးထလာအောင် လုပ်နိုင်မှာမဟုတ်ဘူး အဲ့ဒါကမပြောင်းလဲတဲ့အမှန်တရားပဲမလို့ ဟျောင်းကျနော့်ကို ယုံကြည်လို့ရပါတယ်"

ဟူး ဘယ်လိုပြောပြော မရပါလား ကုရယ်

ဟျောင်းရယ် ဘာလို့များလဲ ဟျောင်းလည်း ကျနော့်ကိုချစ်နေရဲ့သား ဘာလို့များ အဝေးကိုပဲတွန်းထုတ်နေရတာလဲ ဟျောင်းက မျက်မမြင်တစ်ယောက်မလို့လား အဲ့ဒါဆို ကျနော်ကဟျောင်းဘေးနားမှာတသက်လုံးနေပြီး သဘာဝအလှတရားကြီးတွေကို မငြီးမငြူပြောပြပေးမှာ ဒါမှမဟုတ် ဟျောင်းကြောင့်ကျနော့်အနာဂတ်မှေးမှိန်သွားမှာစိုးရိမ်နေတာလား အဲ့လိုဆိုရင်တော့ ဟျောင်းတွေးတာမှားသွားပြီ ကျနော့်အနာဂတ်က ဟျောင်းနဲ့တိုက်ရိုက်အချိုးကျနေတာမလို့ ဟျောင်းသာမရှိရင် ကျနော့်ရဲ့ ကျန်ရှိနေတဲ့ဘဝသက်တမ်းတလျှောက်ဘယ်လိုမှ လင်းလက်နိုင်မှာမဟုတ်တော့ဘူး အဲ့ဒါကြောင့် ကျနော့်ကို အဝေးကိုတွန်းမထုတ်ပါနဲ့ဗျာ ဟျောင်းဘယ်လောက်တွန်းထုတ်ထုတ် ကျနော်ကဟျောင်းအနားမှာပဲရှိနေမှာမလု့ိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိုက်ပီးသားကို ပျက်သွားလို့ပြန်ရိုက်နေရတယ် 
နောက်တစ်ပိုင်းဆိုရင်တော့ ဆော့ဂျင်လေးက ကုကုအချစ်ကို လက်ခံပါပီ ရည်းစားမဖြစ်သေးလို့ဒီကငယ်လေးကို စိတ်ဆိုးနေကြပီနဲ့တူတယ် ဟီး😁
လိုချင်တယ်လို့😭

ဟျောင်းရယ် ဘာလို့များလဲ ဟျောင်းလည်း ကျနော့်ကိုချစ်နေရဲ့သား ဘာလို့များ အဝေးကိုပဲတွန်းထုတ်နေရတာလဲ ဟျောင်းက မျက်မမြင်တစ်ယောက်မလို့လား အဲ့ဒါဆို ကျနော်ကဟျောင်းဘေးနားမှာတသက်လုံးနေပြီး သဘာဝအလှတရားကြီးတွေကို မငြီးမငြူပြောပြပေးမှာ ဒါမှမဟုတ် ဟျောင်းကြောင့်က...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


I can't not see but I can feelWhere stories live. Discover now