P 23

786 92 7
                                    

"ကု ဘယ်တုန်းကရောက်တာလဲ"
"မနက်......"
"မနက် 6နာရီ နေတောင်မထွက်သေးဘူးရောက်ချလာတာ နေတောင် သူ့လောက် ဇွဲမရှိဘူး"
ဂျောင်ကုဖြေနေတုန်း မနက်စာကို ပလုတ်ပလောင်းစားနေတဲ့ ဂျီမင်းမှ ဖြတ်ပြောလိုက်သည်
"အစောကြီးပဲ ဘာလာလုပ်တာလဲ"
"ဟျောင်းကလည်း ကျနော်ကကိစ္စရှိမှလာရမှာလား"
"မဟုတ်ဘူးလေ မနက်အစောကြီးဆိုတော့ အရေးများကြီးလို့လား မကြီးရင် ဆိုင်မှာတွေ့....."
"ကြီးတယ်"
ဆော့ဂျင်စကားမဆုံးသေး ဖြတ်ပြောလာတဲ့ဂျောင်ကု
"အမ်?"
"ကျနော့်အတွက် မနက်မျက်လုံးနှစ်လုံးဖွင့်တာနဲ့ အရေးကြီးဆုံးက ဟျောင်းမျက်နှာလေးကိုမြင်ရဖို့ပဲ အာ့ကြောင့်......."
"ဖူး အဟွတ် ဟွတ်"
ဂျောင်ကုစကားကြောင့် ဂျီမင်းကော်ဖီသောက်နေရင်းထသီးသွားသည်
"ဂျီမင်း ဘာဖြစ်တာလဲ"
ဂျီမင်းသီးသံကြားတော့ ဆော့ဂျင်မှမေးလိုက်သည်
"ဘာ ဘာမှမဖြစ်ဘူးဟျောင်း"
"သီးမှာပေါ့ ဖြည်းဖြညး်မှမစားတာ"
ဂျောင်ကုကဂျီမင်းကိုပြောလိုက်သည်
"ငါ့ကငါစားတာဘာမှမဖြစ်ဘူး မင်းကဘေးကနေ ပလီပလာ အီကြာကွေးတွေလာရိုက်နေတာကိုး"
"ငါ ဘာလုပ်လို့လဲ"
"မင်းကမင်းသိလေ တော်ပြီ မင်းနဲ့မပြောတော့ဘူး ဟျောင်း ကျနော်ဆိုင်သွားနှင့်တော့မယ်"
"ဟျောင်းလည်းတစ်ခါတည်းလိုက်မယ်လေ"
ဆော့ဂျင်အပြောကြောင့် ဂျောင်ကုမျက်မှောင်ကြုတ်သွားသည် ဆော့ဂျင်ကမမြင်နိုင်ပေမယ့် အ‌ေမာင်ဂျီမင်းကတော့ ကြိတ်ခွီနေသည်

ဒီဟျောင်းပေါက်လေးက ကျနော့်လက်ကနေလွတ်အောင်ပြေးချင်နေတာပဲ ဂျွန်ဂျောင်ကုကို ဒါမျိုးလာစမ်းလို့ဘယ်ရမလဲ ဟျောင်းပေါက်လေးနားကိုသွား ခါးကိုဖက်လိုက်ပြီး ဂျီမင်းကို ပြောလိုက်သည် ဒါနဲ့ ဟျောင်းကတစ်ယောက်တည်းကြည့်တော့သာ ထွားတယ်ထင်ရတာ ကျနော်လည်းခါးကိုဖက်လိုက်တော့ ကိုယ်လေးက ကျနော့်ရင်ခွင်ထဲမြှုပ်လို့ ဖြစ်နိုင်ရင်လေ ကျနော့်ရင်ခွင်ထဲမှာပဲ ဘယ်သူမှမမြင်အောင် ထည့်ထားလိုက်ချင်တော့တယ်

"ဂျီမင်း မင်းတစ်ယောက်တည်း သွားနှင့် ဟျောင်းကမနက်စာ စားပြီးမှ ငါနဲ့တူတူလာမှာ"
"ရတယ် ဟျောင်းဆိုင်မှာပဲစားလိုက်မယ်"
"ဘာလဲ ဟျောင်းကကျနော်နဲ့တူတူမစားချင်လို့လား ကျနော့်မှာတော့ ဟျောင်းနဲ့တူတူစားချင်လို့ မနက်အစောကြီးထလာရတာကို ဟျောင်းကမစားချင်ရင်လည်း အတင်းမပြောတော့ပါဘူး"
"ဘာ!!"
ဆော့ဂျသ်အော်သံကြောင့် ဂျောင်ကုကောဂျီမင်းကောလန့်သွားပြီးဂျောင်ကုမှ
"ဟျောင်း ဘာဖြစ်လို့လဲ"
"မနက်စာစားပြီးမှလာတော့ မင်းကို ဘယ်သူကတရားစွဲမှာမလို့လဲ ဟမ် မနက်6နာရီထဲကထလာတာ အခု....."
ဆော့ဂျင်ပြောနေရင်းနဲ့မှ အခုဘယ်ချိန်ရှိပြီလဲမသိတာကြောင့် ခနရပ်လိုက်ကာ ‌ဂျီမင်းကိုလှမ်းမေးလိုက်သည်
"ဂျီမင်း ခုဘယ်ချိန်ရှိပြီလဲ"
ဆော့ဂျင်မေးတော့ ဂျီမင်း တိုင်ကပ်နာရီလေးကိုလှမ်းကြည့်ကာဖြေလိုက်သည်
"8နာရီထိုးပြီဟျောင်း"
"အခု8နာရီတောင်ထိုးပြီ နှစ်နာရီကြီးများတောင်ဘာလို့ဘာမှမစားဘဲနေနေတာလဲ တစ်ခုခုစားထားပေါ့ မဟုတ်ရင်လည်းဟျောင်းကုိလာနှိုးပါ့လား အဆာလွန်သွားရင်ဘယ်လိုလုပ်မလဲ အစာအိမ်တွေဘာတွေဖြစ်ပီး ခွဲရစိတ်ရရင်ဘယ်လိုလုပ်မလဲ ဟမ် ဟျောင်းကိုရင်ကွဲအောင်လုပ်နေတာလား"

I can't not see but I can feelWhere stories live. Discover now