P 9

923 133 12
                                    

"ခွပ်"
ဂေ‌ျာင်ကုထိုလူကိုစထိုးလိုက်သည် ပါးစပ်ကလည်း
"မင်းလိုကောင်ကများ ဟျောင်းကို အဲ့လိုပြောရဲတယ်ဟမ်! မင်းအဆင့်နဲ့ တန်လို့လားဟမ်!"
ပြောလည်းပြောထိုးလည်းထိုးနေတာကြောင့် အောက်ကအထိုးခံနေရတဲ့ သူမှာမခံသာတော့
ဆော့ဂျင်လည်းမမြင်ရပေမယ့် ကြားရတဲ့အသံတွေကြောင့် ဂျောင်ကုတော်တော်စိတ်တိုပြီး ထိုးနေမှန်းသိလေသည်
"ကု တော်တော့လေ အောက်ကလူသေ‌သွားလိမ့်မယ်"ပြောပြီး မမြင်မစမ်းနဲ့ ဂျောင်ကုရဲ့အကျင်္ီစကိုလှမ်းဆွဲကာတားလေသည်။ ဂျောင်ကုမှာတော့ ဒေါသအလွန်ထွက်နေကာ ဘာကိုမှဂရုမစိုက်နိုင်ဘဲ အောက်ကလူကိုချည်း လှိမ့်ထိုးနေသည်။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Jimin side
ကျတော် အမေ့ဆီကပြန်လာပြီး ဟျောင်းအိမ်ကိုဝင်တော့ မတွေ့ အဲ့ဒါနဲ့ ကျတော်လည်း ဆိုင်ကိုပဲသွားလိုက်တော့တယ်

ဂျီမင်းတစ်ယောက် သီချင်းလေးညည်း စက်ဘီးလေးနင်းနဲ့ ဆော့ဂျင်ဆိုင်သို့သွားလေသည် သို့သော် ဆိုင်နားမရောက်ခင် သူ့စက်ဘီး‌ေလးဟာရပ်တန့်သွားသည်

ကျတော် ဆိုင်နားမရောက်ခင် ရန်ဖြစ်နေတာကို တွေ့လိုက်ရတယ် ကျတော်လည်း ကျတော်နဲ့မဆိုင်တာမို့ကျော်သွားမလို့ လုပ်လိုက်ပေမယ့် ရင်းနှီးနေတဲ့ပုံရိပ်ကြောင့် အနားသွားကြည့်လိုက်တော့ wtf!! ရန်ဖြစ်နောတာက ဂျောင်ကုပဲ သူ့ဘေးနားမှာ ဟျောင်း ဘာလဲ ဒီအခြေအနကဘာလဲ အောက်ကထိုးခံရတဲ့ လူဆီကြည့်မိတော့ မျက်နှာတစ်ခုလုံးရစရာမရှိတော့ ကျတော်လည်းဘာမှမတွေးတော့ဘဲ အရင်ဝင်ဆွဲရတော့သည်

"ဟျောင့် ဂျောင်ကု လွှတ်ဦး အောက်ကလူသေတော့မယ် စကားနဲ့ပြောလေ"
ဆော့ဂျင်မှာ ဂျီမင်းအသံကြားမှ အားကိုးစရာတွေ့သွားတဲ့ လူတစ်ယောက်လို ဂျီမင်းကို ဂျောင်ကုကို ထိန်းရန် အလောတကြီး ပြောတော့သည်
"ဂျီမင်းလား ဂျီမင်း လုပ်ပါဦး ကုကိုဆွဲပါဦး အောက်ကလူသေတော့မလားမသိဘူး"
"ဟုတ်တယ်ဟျောင်းကျတော်ပဲ ဘာဖြစ်နေကြတာလဲ"
"နောက်မှရှင်းပြမယ် အခုတော့ကုကို ဆွဲဦး"
ဆော့ဂျင်ပြောလည်းပြော လက်ကလည်း အဆက်ပြတ် လမ်းလျှောက်တုတ်ကို ရှာနေသည်
ဂျီမင်းလည်း အရင်ဆုံး လမ်းလျှောက်တုတ်ကိုဆော့ဂျင်ဆီသွားပေးကာ ထူပေးပြီးနောက် ဂျောင်ကုကိုဆွဲရပြန်သည်

I can't not see but I can feelWhere stories live. Discover now