Seokjin side
ကျွန်တော်အောက်ထပ်မှာ မုန့်သွားယူတော့ ဂျီမင်းသူငယ်ချင်းနဲ့ တွေ့တယ် ထယ်ယောင်းတော့မဟုတ်ဘူး ဂျွန်ဂျောင်ကုတဲ့ ဟိုတစ်နေ့ကဆိုင်ကိုပါလာတဲ့သူနေလိမ့်မယ် အသံလေးကတော့ချိုနေတာပဲ အဆိုတော်လုပ်ရင် အောင်မြင်လောက်တယ် ရုပ်ရည်ကတော့ကျွန်တော်လည်းမသိဘူး မြင်မှမမြင်ရတာအမှန်တော့ ကျွန်တော့်မျက်လုံးတွေကခွဲစိတ်လို့ရတယ် ဒါပေမယ့် ကျွန်တော်မလုပ်ချင်တော့ဘူး ကျွန်တော့်မိဘတွေမှမရှိတော့တာ မျက်စိမြင်ရတော့ကော ဘာလုပ်ရမှာလဲ ပြီးတော့ကျွန်တော် မျက်စိမခွဲတာ နောက်ထပ် အကြောင်းအရင်းရှိသေးတယ် အဲ့ဒါ ဒါဒါလေးတို့ကိုပဲ ပြောပြမှာနော် ဘယ်သူမှပြန်မပြောနဲ့ နောက်ထပ်အကြောင်းရင်းက ဘာလဲဆိုတော့ ကျွန်တော့် မျက်စိတွေကောင်းသွားရင် company ဝင်ရတော့မယ်လေ ကျွန်တော်မဝင်ချင်သေးဘူး ဘာလို့လဲဆိုတော့ ကျွန်တော့် တက္ကသိုလ် ကျောင်းသားဘဝကို ဆေးရုံမှာပဲကုန်ဆုံးခဲ့ရတာလေ အဲ့ဒါကြောင့် ဘာမှမလုပ်ချင်လို့ မခွဲပဲဒီတိုင်းထားလိုက်တာ
ကျွန်တော်လည်းတွေးရင်းနဲ့ စားလိုက်တာမုန့်တောင်ကုန်သွားပြီ သွားထပ်ယူလိုက်ဦးမယ်
လမ်းလျှောက်တုတ်လေးကိုင်ပြီး တစ်ဖန်အောက်ထပ်သို့ပြန်ဆင်းသွားပါသော ဆော့ဂျင်
တစ်ဖက်ထမင်းစားခန်းထဲမှာလည်း တစ်ယောက်တည်းထိုင်ပြီး ဆော့ဂျင်အကြောင်းစဉ်းစားခန်းဝင်နေပါသော ဂျောင်ကုတစ်ယောက် စဉ်းစားနေတာကြာပြီဖြစ်တာကြောင့် အိမ်ရှေ့ခန်းပြန်သွားဖို့ မတ်တပ်ရပ်ပြီး တစ်ဖက်သို့အလှည့် ထမင်းစားခန်းထဲသို့ဝင်လာသော ဆော့ဂျင်နဲ့တိုက်မိလေသည်
"ဒုတ်"
"အ့"
ကျွန်တော်မုန့်ယူဖို့ အောက်ထပ်ဆင်းလာပြီး ထမင်းစားခန်းထဲဝင်တော့ နံရံနဲ့ တိုက်မိတယ်နဲ့ တူတယ်နဖူးကို ဖင်ထိုက်ရက်တောင်လဲကျ သွားတယ် အရင်လည်းကျွန်တော်သွားနေကျပါ မတိုက်ပါဘူး ဒီနေ့မှဘာလို့တိုက်မလဲမသိဘူး နံရံကဒီဘက်ရောက်လာတာဖြစ်လိမ့်မယ်
"ဟာ! အဆင်ပြေရဲ့လား ဟျောင်း"
ကျွန်တော်တွေးနေတုန်း ကြားလိုက်ရတဲ့အသံချိုချိုကြောင့် တွေးနေတာတွေ လွဲသွားမှန်းသိလိုက်ရသည် ဒါဆိုကျွန်တော်တိုက်မိတာ လူပေါ့ နေပါဦး ဘယ်နေရာနဲ့တိုက်မိလို့ လဲကျသွားတာပါလိမ့်
YOU ARE READING
I can't not see but I can feel
Fanficငါ့လိုမျက်မမြင်တစ်ယောက်ကို မင်းအဆုံးထိချစ်နိုင်မှာမဟုတ်ဘူး Kim Seokjin ဟျောင်းဘာတွေပဲဖြစ်နေဖြစ်နေ ကျွန်တော်ဘယ်တော့မှဟျောင်းလက်ကိုမလွှတ်ဘူး ...