P 12

908 127 11
                                    

Next morning 🌄......
Ting Tong
Ting Tong
Ting Tong

အဆက်မပြတ်မြည်နေတဲ့ဘဲလ်ကြောင့် စောင်ပုံထဲကွေးနေတဲ့ဂျီမင်း လူးလွန့်လာလေသည်
^ဘယ်သူလဲကွာ ဘာလို့အဲ့လောက်တီးနေတာလဲ လူအိပ်နေတာနားမလည်ဘူးလားမသိဘူး^
ပြောပြီးစောင်ပုံထဲကနေကုန်းရုန်းထလေသည် နာရီဆီအကြည့်ရောက်မိတော့ 7နာရီခွဲ
စိတ်တိုတိုနဲ့ အခန်းထဲကနေ ဘဲလ်တီးတဲ့လူကိုမေတ္တာပို့ပြီး တံခါးကိုစောင့်ဖွင့်လိုက်တော့ သူ့ရှေ့မှာ ယုန်သွားပေါ်အောင်ဖြီးပြနေတဲ့ဂျောင်ကုကြောင့် စောနကအိပ်ချင်နေတဲ့စိတ်တွေတောင် ပျောက်သွားသလို
"မောနင်း"
ကိုယ်ကသာကြောင်တောင်တောင်နဲ့သူကို့ကြည့်နေတာ သူကတော့ကိုယ့်ကိုနှုတ်ဆက်ပြီး အိမ်ထဲတောင်ဝင်သွားသေးတယ်
"ဟေ့ကောင်လာလေ အပေါက်ဝမှာဘာရပ်လုပ်နေတာလဲ"
"အော် အေး"
ကျနော်လည်းတံခါးပိတ်လိုက်ပြီး အိမ်ထဲပြန်ဝင်လာတော့ သကောင့်သားလေးက ဧည့်ခန်းကဆိုဖာမှာခြေချိတ်ထိုင်နေတာ အိမ်ကြီးရှင်ကျလို့ ဒီကောင်အစောကြီးဘာလာလုပ်တာပါလိမ့် ကျနော်မေးမလို့ပြင်နေတုန်း အပေါ်ထပ်ကနေဆင်းလာတဲ့ဂျင်ဟျောင်း
"ဟျောင်း"
"အော်ကု ရောက်နေပြီလား"
"ဟုတ်"
ဂျင်ဟျောင်းအမေးကို လိမ်လိမ်မာမာနဲ့ ပြန်ဖြေနေတဲ့ ဂျောင်ကုက အရင်ကကျနော်သိထားတဲ့ ဂျောင်ကုနဲ့လားလားမျှမဆိုင် အရင်တုန်းကဂျောင်ကုဆိုတာက ဘယ်သူ့စကားမှနာခံတဲ့ကောင်မဟုတ်ဘူး

"ဟျောင်းအပြင်မှာအေးတာကို ဘာလို့နွေးနွေးထွေးထွေးမဝတ်တာလဲ"
"ဝတ်ထားတယ်လေ ကုကလည်း"
"မရပါဘူး long coat တစ်ထပ်ထဲနဲ့ဟျောင်းအအေးပတ်သွားမှာပေါ့"
ပြောလည်းပြော သူ့လည်ပင်းမှာပတ်ထားတဲ့မာဖလာကို ဂျင်ဟျောင်းလည်းပင်းမှာပတ်ပေးလိုက်တဲ့ဂျောင်ကု ဆော့ဂျင်မှာလည်း ကြောင်တောင်တောင်လေးနှင့် ဂျောင်ကုလုပ်သမျှငြိမ်ခံနေရသည်

သူတို့နှစ်ယောက်ကို နားမလည်ခြင်းများစွာနဲ့ကြည့်နေတာကတော့ ဂျီမင်း

Jimin's pov
နေဦး ဒီအခြေအနေကဘာလဲ သူ့ပစ္စည်းကို သူများကိုင်ရင်မကြိုက်တဲ့ ကောင်က အခုသူ့အကြိုက်ဆုံးမာဖလာကို ဂျင်ဟျောင်းလည်ပင်းမှာပတ်ပေးလိုက်တာလား စကားအများကြီးမပြောတဲ့ ဟျောင်းက ဂျောင်ကုနဲ့ကျတော့ စကားပြောရုံတင်မကဘူး ပြုံးပါပြုံးပြီး ဂျောင်ကုလုပ်သမျှကို ငြိမ်ခံနေတာလား ဒီအခြေအနေကို ဘယ်လိုခေါ်လဲ friend zone? Brother zone? Love zone? ကျနော်ပတ်ဂျီမင်းလေးကို တစ်ယောက်လောက်လာရှင်းပြပါဦး မနက်စောစောစီးစီး ဘာမှန်းမသိတဲ့ အခြေအနေကြီးကို ထိုင်ကြည့်နေရတာအဆင်ပြေမနေဘူး မနေ့ကတစ်ရက်လေးပဲ နှစ်ယောက်ထဲထားမိတာကို အိမ်ထိလိုက်လာတဲ့ အဆင့်ထိတောင်ရောက်လာပြီ မြန်လိုက်ကြတာ ဘာတွေလဲ အခုကော နှစ်ယောက်သားဘယ်သွားကြမလို့လဲ date မလို့လား?

I can't not see but I can feelWhere stories live. Discover now