P 7

1K 143 11
                                    

ညနေ ရောက်တော့ ဂျောင်ကုနဲ့ ထယ်ယောင်းမှာ ပြန်ဖို့ ပြင်လေသည်

Tae "ဟျောင့်ငါတို့ပြန်တော့မယ်"
Jimin "ဒီတိုင်းပြန်လို့ရမလားကွ"
Jk "ဒီတိုင်းမပြန်လို့ ဘယ်လိုပြန်ရမှာလဲ ဘာလဲ ခြေထောက်နှစ်ဖက်မိုးပေါ်မြှောက် ပြန်ရမှာလား"
Jimin "ရား မင်းတို့နှစ်ကောင် မသိချင်ယောင်ဆောင်မနေနဲ့ ဒီစားပွဲပေါ်က ဟာတွေရှင်းသွားလေ "
ဂျီမင်းမှာ စားပွဲက စားပြီးသားမုန့်ထုပ် တွေကို လက်ညှိုး‌ထိုးပြီးပြောတော့
Tae "ဘာလို့ရှင်းရမှာလဲ"
Jimin "မင်းတို့စားထားတာတွေ မဟုတ်ဘူးလား အဲ့ဒါမင်းတို့မရှင်းလို့ ဘယ်သိကြားမင်းက လာရှင်းပေးမှာလဲ"
Jk "ငါမစားပါဘူး အဲ့ဒါတွေ မင်းတို့နှစ်ကောင်ပဲစားထားတာလေ အဲ့တော့မရှင်းနိုင်ဘူး"
ဂျောင်ကုကတော့ သူမစားဘူးပြောပြီး မရှင်းနိုင်ဘူးဟုဆိုကာ ထိုင်ခုံမှာခြေချိတ်ထိုင်နေသည်
Jimin "အဲ့ဒါဆို ဟျောင့်ငထယ်မင်းလာရှင်း"
Tae "မရှင်းပါဘူး"
Jimin "ဘာ!!!!"
ဂျီမင်းရဲ့ လူနဲ့အသံနဲ့မလိုက်တဲ့ အော်သံကြောင့် ဂျောင်ကုနဲ့ ထယ်ယောင်းမှာ နားပိတ်လိုက်ရသည်
Jin "ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်အော်နေကြတာလဲ ဘယ်သူမှမရှင်းနဲ့ ဟျောင်းပဲရှင်းလိုက်မယ်"
ဆော့ဂျင်တစ်ယောက် ထမင်းစားခန်းထဲမှာမုန့်ယူရင်း အပြင်ကအသံတွေကြောင့် ထွက်လာပြီ ပြောလိုက်ခြင်းပင်
ူဂျောင်ကုတစ်ယောက် ဆော့ဂျင်ကိုမြင်တာနဲ့ လူကအလိုလိုမတ်တပ်ရပ်ပြီးသား ဆော့ဂျင်မမြင်ပေမယ့်လို့ပေါ့

Jimin "ဟျောင်းမရှင်းနဲ့ ဟိုကောင်ငထယ်မျောက်ကိုရှင်းခိုင်း အဲ့ဒါသူစားတာ"
Tae "ဟျောင်း ဟျောင်းညီကလေ သားတို့ကိုလည်း အိမ်ခေါ်သေးတယ် အော်လည်းအော်တယ်"
Jimin "ရား ငါအော်တာလွန်လို့လား မင်းစားထားမင်းပြန်ရှင်းပါလား"
Tae "ဘာလို့ရှင်းရမှာလဲ မင်းကငါတို့ကို အရင်အိမ်ခေါ်တာလေ အဲ့တော့ဧည့်ဝတ်ကျေအောင် မင်းပဲအကုန်လုပ်ပေးရမှာပေါ့"
Jimin "မင်းက ဧည့်ဝတ်ကျေချင်စရာကောင်းအောင်နေလို့ ငါကဧည့်ဝတ်ကျေပေးရမှာလား ပြီးတော့ ဘယ်ဧည့်သည်က ဂိမ်းအတူတူဆော့ပြီး မုန့်တွေတစ်ဖြဲနှစ်ဖြဲစားလို့လဲ"
Tae "အဲ့ဒါကတော့မင်းကချကျွေးတာကိုး ပြီးတော့ဂိမ်းဆော့ဖိူ့မင်းအရင်အဖော်လာစပ်တာလေ"
Jimin "ရား ကင်ထယ်မျောက် အပိုတွေပြောမနေနဲ့ ရှင်းမှာလားမရှင်းဘူးလား"
Tae "မ ရှင်း ဘူး"
တစ်လုံးချင်းစီ ပီပီသသပြောလိုက်တဲ့ ထယ်ယောင်းကြောင့်ဂျီမင်းလေးရဲ့ စိတ်တွေဂိတ်ဆုံးရောက်သွားပါပြီ

I can't not see but I can feelWhere stories live. Discover now