Chapter - 53

7.2K 1.5K 128
                                    

Unicode

အချိန်တွေကုန်သွားတာနဲ့အမျှရှန်ယွီရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပိုပြီးလေးလံလာခဲ့သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကထုံထိုင်းနေခဲ့ပေမဲ့သူ့စိတ်တွေကတော့ကြည်လင်နေခဲ့သည်။အဲ့ဒါကြောင့်သူကအမျိုးသမီးရဲ့လက်တွေသူ့ခန္ဓာကိုယ်ကိုလျှောက်ကိုင်နေတာကိုရှင်းရှင်းလင်းလင်းခံစားနိုင်သည်။သူ့လည်ချောင်းထဲကိုသံရည်ပူတွေလောင်းချလိုက်သလိုခံစားလိုက်ရသည်။

"ထွက်သွားစမ်း"

အဲ့ဒီ့စကားကိုပြောနိုင်ဖို့အချိန်နည်းနည်းကြာသွား
ပေမဲ့သူခက်ခက်ခဲခဲကြိုးစားပြီးပြောလိုက်နိုင်သည်။သူ့ရဲ့စက်ဆုပ်ရွံရှာနေတဲ့လေသံကခြောက်သွေ့နေတဲ့သူ့ရဲ့လည်ချောင်းကြောင့်ဆန့်ကျင်ဘက်လေသံမျိုးပြောင်းသွားခဲ့သည်။

အမျိုးသမီးရဲ့ရယ်သံကသူ့နားထဲဝင်ရောက်လာခဲ့သည်။သူမကနောင်တရနေတဲ့ပုံစံမျိုးဟန်ဆောင်လိုက်ပြီးဂရုမစိုက်တဲ့ပုံနဲ့ပြောလိုက်သည်။

"ရှက်မနေပါနဲ့ မစ္စတာရှန်ရယ်။ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်။ရှင့်ကိုကောင်းကောင်းပြုစုပေးလိုက်လို့အစ်ကိုရုံကကျွန်မကိုပြောထားတယ်။"

ရှန်ရုံကစိတ်မရှည်တော့ဘဲလောဆော်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေဘာလို့လျှောက်ပြောနေတာလဲ။မြန်မြန်လုပ်တော့လေ။"

အမျိုးသမီးကခဏလောက်ရပ်သွားကာရုတ်တရက်စိတ်လှုပ်ရှားလာတော့သည်။

"Oh...Okay"

အမျိုးသမီးကသူမကိုယ်သူမအတွေ့အကြုံအများကြီးရှိတဲ့သူတစ်ယောက်ပုံစံမျိုးအတင်းလုပ်ယူထားပေမဲ့လည်းသူမကအတွေ့အကြုံသိပ်မရှိဘူးဆိုတာကိုရှန်ယွီသိနိုင်သည်။သူမကစိုးရိမ်ပူပန်နေပြီးကြံရာမရဖြစ်နေသည်။သူမရဲ့တုန်ရီစွာနဲ့သူ့ညဝတ်အင်္ကျီရဲ့ခါးပတ်ကြိုးကိုဖြုတ်နေသည်။ခါးပတ်ကိုဖြုတ်နေတာနဲ့တင်မိနစ်အနည်းငယ်လောက်ကြာသွားခဲ့သည်။

အဲ့ဒီ့အချိန်မှာ‌တော့ရှန်ယွီကစကားပြောဖို့သိပ်မခက်ခဲတော့ဘူး။သူကမျက်နှာကျက်ကိုတွေဝေစွာငေးကြည့်နေခဲ့ပြီးသူ့ရဲ့အေးစက်နေမျက်လုံးတွေထဲမှာတော့ဒေါသတွေရောစိတ်ပျက်မှုတွေရောရှိနေသည်။သူကပင့်သက်ရှိုက်လိုက်သည်။သူ့မျက်နှာပေါ်မှာလည်းချွေးစေးတွေထွက်နေခဲ့သည်။ဒါပေမဲ့သူကစိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီးသူ့ကိုယ်ပေါ်က‌ဝတ်စုံကိုဆွဲချွတ်နေတဲ့အမျိုးသမီးကိုစည်းရုံးဖို့ကြိုးစားလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now