Chapter - 63

5.9K 1.1K 58
                                    

Unicode

ရှန်မိသားစုကအမြဲတမ်းမဟုတ်မှန်တဲ့စကားတွေပြောတတ်သည်။အဲ့ဒါကိုရှန်ယွီဒီကမ္ဘာကိုကူးပြောင်းလာတဲ့အချိန်ကတည်းကသိခဲ့ရသည်။အဲ့ဒီအချိန်တုန်းကမူလပိုင်ရှင်ကကားမတော်တဆမှုဖြစ်ကာစပင်ရှိသေးပြီးပြန်လည်ထူထောင်ရေးလုပ်နေခဲ့ရသည်။သူကနေ့နေ့ညညအခန်းကိုပိတ်ထားပြီးအခန်းထဲမှာပဲနေခဲ့သည်။

အဲ့ဒါကြောင့်ပဲရှန်မိသားစုရဲ့ဆွေမျိုးတော်တော်များများကသူ့နောက်ကွယ်မှာသူ့မကောင်းကြောင်းတွေကိုပြောခဲ့ကြသည်။

ကြီးမားပြီးချမ်းသာတဲ့မိသားစုကြီးတစ်ခုဖြစ်တဲ့ရှန်မိသားစုရဲ့တစ်ဦးတည်းသောတရားဝင်ဆက်ခံသူကရှန်ယွီဆိုတာကိုတစ်လောကလုံးသိနေကြပေမဲ့ရှန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုငမ်းငမ်းတက်လိုချင်နေကြတဲ့သွေးစုပ်ကပ်ပါးကောင်တွေကတော့အုပ်စုလိုက်ရှိနေကြသေးသည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာသူတို့ကမူလပိုင်ရှင်နား‌ကပ်နေခဲ့ကြပြီးဘယ်လောက်တောင်သွေးတွေစုပ်ခဲ့ကြမလဲဆိုတာသူတောင်မသိနိုင်ဘူး။

မူလပိုင်ရှင်နဲ့သူ့မိဘတွေကကြိုးကြိုးစားစားအလုပ်လုပ်နေခဲ့ကြပေမဲ့တခြားလူတွေကတော့သူ့တို့ရဲ့အရိပ်နောက်မှာသာပုန်းခိုပြီးသာယာနေခဲ့ကြသည်။သူတို့နေ့တိုင်းဘာမှမလုပ်ဘဲနေရင်တောင်ရှန်မိသားစုရဲ့ကိတ်မုန့်အကြီးကြီးထဲကနေအစိတ်အပိုင်းတစ်ခုလောက်တော့ယူလို့ရနေတာကိုး။

ရှန်ယွီကအဲ့ဒီအကြောင်းကိုအကြာကြီးစဥ်းစားခဲ့ပြီးမိသားစုကြီးကိုအုပ်စုသေးသေးလေးတွေအဖြစ်ခွဲလိုက်ဖို့အကြံရလာခဲ့သည်။

နေ့လည်ခင်းတစ်ခုမှာသူကအကြီးအကဲရှန်ကိုဒီအကြောင်းပြောပြခဲ့သည်။

ရှန်ယွီကအစတုန်းကတော့ဒီကိစ္စကိုအကြီးအကဲရှန်လက်ခံလာဖို့တော်တော်လေးစည်းရုံးရမယ်လို့ထင်ထားခဲ့တာဖြစ်သည်။ဒါပေမဲ့သူပြောတာကိုကြားပြီးပြီးချင်းမှာပဲအကြီးအကဲရှန်ကတုံ့ဆိုင်းမနေဘဲသဘောတူခဲ့သည်။

"ငါကအခုအိုနေပါပြီ။လျှောက်သွားဖို့လည်းအရမ်းပင်ပန်းနေပြီ။မင်းလုပ်ချင်တာလုပ်လို့ရပါတယ်။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now