Chapter - 5

16.3K 2.9K 56
                                    

Unicode

မူလရှန်ယွီကဒီမြို့မှာကြီးပြင်းလာပေမဲ့အခုရှန်ယွီကတော့မဖိတ်ခေါ်ပဲရုတ်တရက်ရောက်လာသည့်သူဖြစ်သည်။သူကမြို့တော်ရဲ့လမ်းတွေကိုမသိတာကြောင့်ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာတွေစီစဉ်ရတဲ့အလုပ်ကိုဦးလေးကျန်းကိုပဲအပ်ထားလိုက်သည်။

ကံမကောင်းစွာပဲဦးလေးကျန်းကဈေးဝယ်ထွက်ရတာမကြိုက်တဲ့လူအိုကြီးတစ်ယောက်ဖြစ်နေသည်။အဲဒါကြောင့်သူကဘယ်သွားမလဲဆိုတာဆုံးဖြတ်တဲ့ကိစ္စကိုအန်တီချန်းကိုပဲဆုံးဖြတ်ခိုင်းလိုက်တော့သည်။အန်တီချန်းကလည်းဦးလေးကျန်းနည်းတူပဲဘာမှသိပ်မသိတာကြောင့်ပစ္စည်းကောင်းတွေဘယ်နေရာမှာရောင်းတယ်ဆိုတာသူ့သမီးကိုသွားမေးရတော့သည်။

ရှန်ယွီကဒီခရီးမှာ‌ဘော်ဒီဂတ်တွေကိုမခေါ်တော့ပဲဦးလေးကျန်းနဲ့အန်တီချန်းကိုပဲခေါ်သွားခဲ့သည်။ဦးလေးကျန်းက
ကားမောင်းတဲ့တာဝန်နဲ့ရှန်ယွီရဲ့ဝှီးချဲကိုတွန်းရတဲ့တာဝန်ယူရမယ်။အန်တီကျန်းကတော့ပစ္စည်းတွေသယ်ရမယ်ဆိုပြီးတာဝန်အသီးသီးယူလိုက်ကြသည်။

ရှန်ယွီကဝှီးချဲပေါ်မှာထိုင်နေလို့ပဲလားမသိ၊သူတို့ကုန်တိုက်ထဲဝင်သွားတာနဲ့လူတော်တော်များများရဲ့အာရုံတွေကသူတို့ဆီရောက်လာခဲ့သည်။ဒီကုန်တိုက်ကသူတို့နိုင်ငံရဲ့အကောင်းဆုံးကုန်တိုက်တစ်ခုဖြစ်ပြီးဗီအိုင်ပီတွေကပဲအသင်းဝင်ကတ်တွေကိုရရှိကြသည်။

ကုန်တိုက်စဖွင့်တဲ့အချိန်ကအသင်းဝင်ကတ်ကိုမူလရှန်ယွီဆီကိုပထမဆုံးပို့ပေးခဲ့သည်။ဒါပေမဲ့မူလရှန်ယွီကဈေးဝယ်ထွက်တာတို့၊ရုပ်ရှင်ကြည့်တာတို့ကိုစိတ်မဝင်စားတာကြောင့်ဒီနေရာကိုတစ်ခါမှမရောက်ဖူးခဲ့ဘူး။

ရှန်ယွီတို့ပထမထပ်လျှောက်လမ်းကိုရောက်သွားတော့ဝတ်စုံသေသေ‌သပ်သပ်ဝတ်ထားတဲ့သက်လတ်ပိုင်းယောက်ျား
တစ်ယောက်ကသူတို့ကိုတွေ့ဖို့စိတ်လှုပ်ရှားစွာစောင့်နေတာကို
တွေ့လိုက်ရသည်။
“တွေ့ရတာဝမ်းသာပါတယ် မစ္စတာရှန်”
ထိုလူကြီးရဲ့မျက်နှာကအပြုံးတွေနဲ့ပြည့်နေပြီးသူ့ရဲ့အပြုအမူတွေ၊အပြောအဆိုတွေကလည်းမြှောက်ပင့်‌တဲ့အမူအရာတွေ
ဖြစ်နေသည်။
“ကျွန်တော်ကဒီကုန်တိုက်ရဲ့မန်နေဂျာပါ။မျိုးရိုးနာမည်ကတော့ဖူပါ။ကျွန်တော့်ကိုရှောင်ဖူလို့ခေါ်လို့ရပါတယ်။”

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now