Chapter - 10

15.6K 2.7K 64
                                    

Unicode

ရှန်ယွီကထန်လီကို အဓမ္မကျင့်တယ် ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုဘယ်လိုသိလဲလို့မေးချင်ခဲ့သည်။ဒါပေမဲ့သေချာစဥ်းစားကြည့်လိုက်တော့ဒါကအရေးကြီးတာမှမဟုတ်တာ။

"အခုရော"ရှန်ယွီကမေးလိုက်သည်။

"အဲဒီကလေးမလေးဘာဖြစ်သွားလဲ။"

ရှန်ယွီကသူပြောတဲ့စကားတွေကိုမစဥ်းစားပဲချက်ချင်းယုံပေးတာကိုတွေ့လိုက်ရတော့သူ့ရဲ့တင်းထားတဲ့စိတ်တွေလည်းတဖြည်းဖြည်းလျော့သွားခဲ့သည်။သူကခေါင်းကိုငုံ့လိုက်ပြီးကွဲအက်နေတဲ့အသံနဲ့ဆက်ပြောလိုက်သည်။

"ကျွန်တော်ပြဿနာရှာလိုက်ပြီးတဲ့နောက်မှာသူမရဲ့မိဘတွေရောက်လာပြီးသူမကိုခေါ်သွားတယ်။ကျွန်တော်ယွမ်ယွင်ဖင်းကိုဘာလို့အဲလိုလုပ်တယ်ဆိုတာသူမ သိပေမဲ့တခြားလူတွေမေးတော့သူမကဘာတစ်ခုမှမပြောခဲ့ဘူး။"

ထန်လီကအဖြစ်အပျက်တစ်ခုလုံးကိုချောမွေ့စွာပြောပြသွားခဲ့ပြီးရှန်ယွီကလည်းယုံလွယ်သောနှလုံးသားဖြင့်နားထောင်ခဲ့သည်။တကယ်တော့ရှန်ယွီကဝတ္ထုတစ်ခုလုံးကိုစာဖတ်သူတစ်ယောက်အနေနဲ့အကုန်ဖတ်ထားပြီးတာကြောင့်ဗီလိန်လေးကငယ်ငယ်လေးကတည်းကရက်စက်တဲ့ဆွေမျိုးတွေကြားမှာကြီးပြင်းလာခဲ့ရတယ်ဆိုတာသူသိထားပြီးသားဖြစ်သည်။နောက်ပိုင်းမှာအဲ့ဒီကိစ္စတွေကအမျိုးသမီးဇာတ်လိုက်နဲ့ပတ်သက်ပြီးစွဲလမ်းမှုတွေနဲ့သူ့ရန်သူတွေကိုရက်ရက်စက်စက်ဖျက်ဆီးပစ်စေဖို့အစပျိုးပေးခဲ့သည်။

လှပပြီးကြင်နာတတ်တဲ့အမျိုးသမီးဇာတ်လိုက်ကသူမကိုနှိပ်စက်ခဲ့တဲ့သူမရဲ့အုပ်ထိန်းသူတွေကိုဗီလိန်လေးကပြန်ပြီးလက်စားချေပေးမှာကိုလက်မခံခဲ့ဘူး။ဗီလိန်လေးကိုရက်ရက်စက်စက်ပြောဆိုခဲ့ရုံတင်မကပဲသူမအပေါ်ထားရှိတဲ့ဗီလိန်လေးရဲ့စွဲလမ်းမှုတွေအားလုံးမရှိတော့အောင်ကူညီပေးဖို့အမျိုးသားဇာတ်လိုက်ကိုအကူအညီတောင်းခဲ့သည်။

ဒါပေမဲ့အနာဂတ်ဗီလိန်လေးရဲ့လုပ်ရပ်တွေရဲ့နောက်ကွယ်မှာဒီလိုကိစ္စတွေကြုံတွေ့ခဲ့ရလိမ့်မယ်လို့သူထင်တောင်မထင်ထားမိခဲ့ဘူး။ဝတ္ထုထဲကဗီလိန်လေးကဘာဖြစ်လို့အမျိုးသမီးဇာတ်လိုက်အထင်လွဲတာတွေကိုမရှင်းပြတာလဲဆိုတာကိုလည်းသူနားမလည်နိုင်ခဲ့ဘူး။ထန်လီသာသူ့ကိုအဲဒီအဖြစ်အပျက်အကြောင်းအခုလိုသေချာမရှင်းပြခဲ့ရင်ထန်လီခဏလောက်စိတ်လွတ်သွားပြီးယွမ်ယွင်ဖင်းကိုဓားနဲ့ထိုးခဲ့တာလို့ထင်နေမိမှာ။အခုတော့ထန်လီကယွမ်ယွင်ဖင်းရဲ့ရက်စက်ယုတ်မာတဲ့လုပ်ရပ်ကိုသည်းမခံနိုင်လို့အဲ့လိုလုပ်ခဲ့တာဆိုတာသိခဲ့ရသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now