Chapter - 56

7.2K 1.5K 57
                                    

Unicode

ရှန်ယွီကဘာမှထပ်မပြောတော့ဘဲသူ့ဖုန်းကိုထုတ်ကာခန်းလင်းကိုဖုန်းခေါ်လိုက်သည်။

ခန်းလင်းဖုန်းပြန်မဖြေသေးခင်မှာပဲဘယ်ကရောက်လာမှန်းမသိတဲ့လက်တစ်ဖက်ကအလင်းအလျင်လိုမျိုးရုတ်တရက်ထွက်ပေါ်လာကာရှန်ယွီရဲ့ဖုန်းကိုယူသွားခဲ့သည်။

ရှန်ယွီကပထမကတော့ကြောင်သွားခဲ့ပေမဲ့ခဏ
အကြာမှာတော့သူ့တစ်ကိုယ်လုံးကိုမီးတောက်တွေကဝါးမြိုသွားတော့မတတ်ဒေါသတွေထွက်လာခဲ့သည်။

သူကနောက်ကိုပြန်လှည့်လိုက်ပြီးဦးလေးကျန်းရဲ့အေးစက်တည်ငြိမ်နေတဲ့မျက်နှာကိုစူးရှစွာကြည့်လိုက်သည်။

ခုနကသူ့ဖုန်းကိုယူသွားတဲ့သက်တော်စောင့်ကသူ့လက်တွေကိုအနောက်မှာထားလိုက်ပြီးခေါင်းငုံ့အရိုအသေပေးလိုက်ကာဦးလေးကျန်းနောက်ကိုတိတ်ဆိတ်စွာပြန်သွားခဲ့သည်။

အရမ်းကောင်းတယ်။ကြည့်ရတာတော့ဒီလူတွေအားလုံးကအကြီးအကဲရှန်ရဲ့ဘက်တော်သားတွေပဲ။

ရှန်ယွီကလက်ကိုအရှေ့ထုတ်ကာပြောလိုက်သည်။

"ကျွန်တော့်ကိုဖုန်းပြန်ပေး။"

ဦးလေးကျန်းကခေါင်းခါလိုက်သည်။

"ကျွန်တော်တကယ်တောင်းပန်ပါတယ်။သခင်လေး"

"ကျန်းထောင်!"

ရှန်ယွီကမထိန်းနိုင်တော့ပဲအော်လိုက်သည်။သူက
ဦးလေးကျန်းကိုနဖူးကသွေးကြောတွေထောင်လာတဲ့အထိစိုက်ကြည့်နေခဲ့သည်။

"ခင်ဗျားကကျွန်တော်ရဲ့ဆန့်ကျင်ဘက်မှာရပ်ဖို့ရွေးချယ်လိုက်ပြီဆိုမှတော့လွန်ခဲ့တဲ့နှစ်တွေကကျွန်‌တော်တို့ရဲ့သံယောဇဥ်တွေကိုတောင်ဂရုမစိုက်တော့ဘူးဆိုပြီးကျွန်တော့်ကိုအပြစ်မတင်နဲ့နော်!"

ဒီကမ္ဘာကိုကူးပြောင်းလာပြီး‌နောက်ပိုင်းသူဦးလေးကျန်းရဲ့နာမည်အပြည့်အစုံကိုခေါ်တာဒီတစ်ခေါက်ကပထမဆုံးပါပဲ။အခုဦးလေးကျန်းကိုသူအရမ်းဒေါသထွက်နေမိလို့အဲ့လိုသုံးနှုန်းလိုက်မိတာဖြစ်သည်။

ဦးလေးကျန်းကိုအလုပ်ခန့်ထားတာကသူလေ၊သူ့ကိုလစာပေးထားတာလည်းသူလေ။ပြီးတော့ဦးလေးကျန်းကိုအပြည့်အဝယုံကြည်ခဲ့တာကလည်းသူပဲလေ။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now