Chapter - 24

11.9K 2.2K 56
                                    

Unicode

အဝေးကြီးကိုရောက်သွားပြီဖြစ်တဲ့ရှန်ယွီကတော့သူ့နောက်မှာကျန်ခဲ့တဲ့ကျောင်းသားမိဘတွေဆွေးနွေးပြောဆိုနေကြတာတွေကိုမသိနိုင်တော့ပါဘူး။ရှန်ယွီဒီနေ့ကျောင်းကိုလာရတဲ့ရည်ရွယ်ချက်ကနှစ်ခုပဲရှိသည်။တစ်ခုကထန်လီနဲ့လိန်ယွီမန်တို့ကဘယ်လိုပတ်သက်မှုရှိလဲဆိုတာစုံစမ်းဖို့ရယ်၊နောက်တစ်ခုကကျောင်းကဆရာဆရာမတွေနဲ့ကျောင်းသားတွေကထန်လီကိုဘယ်လိုဆက်ဆံလဲဆိုတာသိနိုင်ဖို့ရယ်ပဲဖြစ်သည်။

တကယ်လို့ထန်လီပြောတဲ့အတိုင်းသာဖြစ်နေရင်တော့...

အဲဒီအကြောင်းကိုတွေးလိုက်မိတာနဲ့သူ့စိတ်တွေလေးလံလာသည်။သူ့ရဲ့မူလကအေးအေးဆေးဆေးနေတတ်တဲ့အမူအရာကလည်းတဖြည်းဖြည်းကြောက်ဖို့ကောင်းအောင်အေးစက်လာသည်။သူထန်လီကိုဒီကျောင်းကိုပို့ထားပေမဲ့ဗီလိန်လေးကိုတခြားသူတွေအနိုင်ကျင့်နေတာကိုတော့သူအေးအေးဆေးဆေးလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။

ဒါပေမဲ့သိပ်မကြာခင်မှာပဲတစ်ခုခုတော့မှားနေတယ်ဆိုတာသူသိလိုက်ရသည်။သူနဲ့ဦးလေးကျန်းတို့ထန်လီနောက်ကလိုက်ပြီးမာလ်တီမီဒီယာစာသင်ခန်းထဲရောက်တော့အခန်းထဲမှာကျောင်းသားတွေနဲ့မိဘတော်တော်များများရောက်နေနှင့်ကြတာကိုတွေ့လိုက်ရသည်။သူတို့ကထန်လီကိုမချေမငံဆက်ဆံကြလိမ့်မယ်လို့ရှန်ယွီထင်ထားခဲ့ပေမဲ့ကျောင်းသားတွေကိုကြည့်ရတာတော့ထန်လီရောက်လာတာကိုတော်တော်လေးပျော်ရွှင်နေကြပုံပါပဲ။

သူတို့ထိုင်ရမယ့်နေရာကိုမရောက်သေးခင်မှာပဲတက်ကြွနေတဲ့ကျောင်းသားအုပ်စုကသူတို့အနားမှာဝိုင်းလာတော့သည်။

"ထန်လီ သူကမင်းရဲ့အကိုကြီးရှန်ယွီလား။သူမင်းထက်ပိုကြည့်ကောင်းတယ်နော်။"

"ဝိုး ငါသူ့ကိုအခုမှအပြင်မှာပထမဆုံးတွေ့ဖူးတာပဲ။ငါသူ့ပုံကိုငါ့အဖေကုမ္ပဏီကအစီအရင်ခံစာတွေထဲမှာပဲတွေ့ဖူးတာ။ဪပြီးတော့ဟိုတစ်ခေါက်တရားရုံးကအင်တာဗျူးမှာရောပဲ။ဟ ဟ"

"ကိုကြီးရှန် အဲ့ဒီသတင်းထောက်တွေကိုသင်ခန်းစာပေးနေတုန်းကကိုကြီးအရမ်းမိုက်တာပဲ။ကျွန်တော့်မိဘတွေဆိုမကောင်းသတင်းတွေလျှောက်ရေးခံရမှာစိုးလို့သတင်းထောက်တွေရှေ့မှာအီးတောင်ကျယ်ကျယ်မပေါက်ရဲကြဘူး။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now