Chapter - 62

6.3K 1.2K 28
                                    

Unicode

ရှန်ယွီကတစ်ရက်လုံးလုံးစောင့်နေခဲ့သည်။ဒါပေမဲ့ထန်လီဆီကနေဘာသတင်းမှမကြားခဲ့ရပါဘူး။

ဆန့်ကျင်ဖက်အနေနဲ့သူကညနေပိုင်းမှာအကြီးအကဲရှန်ရဲ့ဖုန်းခေါ်ဆိုမှုကိုသာရရှိခဲ့သည်။

နဂိုမူလသူလျှိုတစ်ယောက်ဖြစ်တဲ့ဦးလေးကျန်းကြောင့်အကြီးအကဲရှန်ကဒီအတောအတွင်းရှန်ယွီရဲ့လှုပ်ရှားမှုတွေအားလုံးကိုသဘာဝကျစွာပဲသိနေခဲ့သည်။ဒါပေမဲ့သူ့ရဲ့အကြောင်းပြချက်ကိုရှင်းရှင်းလင်းလင်းပြောထားပြီးသားဖြစ်လို့သူ့ကိုယ်သူမှားတယ်လို့တော့မထင်မိပါဘူး။

"သစ်အယ်သီးလေးကိုမင်းအရမ်းချစ်တယ်ဆိုတာငါသိပါတယ်။ဒါပေမဲ့ငါတို့ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေအများကြီးရှိတယ်။ဒီတစ်ခေါက်ယုတ္တိမရှိဆုံးကိစ္စကဒီလိုကိစ္စတွေကို‌ဖြေရှင်းတဲ့အချိန်မှာမင်းကစိတ်ခံစားချက်ကိုအရမ်းရှေ့တန်းတင်နေတာကြောင့်ပဲ။"

ရှန်ယွီကဆိုဖာနောက်ကိုမှီလိုက်ပြီးသူ့မျက်လုံး‌တွေကမျက်နှာကျက်ကိုပဲငေးငိုင်စွာစိုက်ကြည့်နေသည်။

အကြီးအကဲရှန်ရဲ့စကားဆုံးသွားတာနဲ့သူကစိတ်ပျံ့လွင့်နေတဲ့ပုံစံနဲ့ပြန်ဖြေလိုက်သည်။

သူပြောနေတဲ့စကားတွေကြောင့်ရှန်ယွီကနားကန်းသွားတော့မယ်ဆိုတာကိုအကြီးအကဲရှန်သိနေသည်။သူကသက်ပြင်းချလိုက်ပေမဲ့ဆက်ပြောလိုက်သည်။

"သစ်အယ်သီးလေးကိုငါဘာမှမလုပ်ချင်ခဲ့ပါဘူး။အဲ့ဒီလူတွေမြင်ဖို့ဟန်ပြသက်သက်ပဲသူ့ကိုခေါ်ထားတာပါ။ငါသူ့ကိုထိခိုက်အောင်လုပ်လိမ့်မယ်လို့မင်းထင်နေတာလား။"

ရှန်ယွီကပြောလိုက်သည်။

"...အဖိုး ဒီကိစ္စကပြီးသွားပြီလေ။"

သူကအဲ့ဒီကိစ္စနဲ့ပတ်သက်ဘာမှထပ်မပြောချင်တော့ပါဘူး။

ထန်လီရဲ့နာမည်ကိုကြားလိုက်တာနဲ့သူစိတ်တိုလာရသည်။

အဲ့ဒါကအရမ်းစိတ်တိုစရာကောင်းသည်။

သူတော်တော်လေးကြိုးစားပြီးဖုံးကွယ်ထားတဲ့ဒဏ်ရာကိုသူများတွေကမြင်သွားကြတဲ့အပြင်အဲ့ဒီဒဏ်ရာကိုဆားတွေနဲ့သိပ်နေကြသလိုခံစားရသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now