Unicode
ကျွန်တော် ကြယ့်ရဲ့ စာသင်ခန်းရှေ့မှာ ရပ်ပြီး break time ထမင်းစားချိန်ရောက်မည့် အချိန်ကို အားမလိုအားမရ စောင့်နေရသည်။
Bell rings ~~
ကြယ် ထွက်လာဝာာနဲ့ သူမ ကိုလှမ်းခေါ်လိုက်သည်။
"ဟျောင့် လာ""ဘာလဲ ဘာလဲ"
"ထမင်းကြော်ထပ်ပြိုင်စားမယ် ကြောက်ရင်ဘေးရှောင်"
"အောင်မာ တစ်ခါရှုံးပြီးတာတောင်မမှတ်သေးဘူးလား..ပြိုင်မယ်လာ"
တစ်ခုခုပြိုင်ရမယ်ဆို တက်ကြွလွန်းသည့် သူမထက် အခုကျွန်တော်က ကိုယ့် အကြံနဲ့ ကိုယ် ပိုတက်ကြွနေမိသည်။
Canteen ရောက်တာနဲ့ စားဖို့မှာပြီး စိတ်မရှည်စွာစောင့်နေရပြန်သည်။
"နေဦး လောင်းကြေးကဘာလဲ"
"နိုင်ရင်ကြိုက်တာတောင်း ကြိုက်တာခိုင်း"
"ပြီးရော"
Waiter စားစရာလာချပေးပြီးတာနှင့်
"စမယ်နော် one two three"သုံးမိနစ် ကျော်ကျော်လောက်ကြာပြီးနောက်မှာ နောက်ဆုံးတစ်လုပ်ကို ပါးစပ်ထဲထိုးထည့်ရင်း
"ကုန်ပြီ"
ပလုပ်ပလောင်းနှင့် ပြောလိုက်သည့် ကျွန်တော့်ကို သူမ ကရယ်ပြီး
"ဘာလို့အဲ့လောက်တောင် အတင်းကြီးအမြန်စားနေတာလဲလို့..နင်ပြီးသေနေဦးမယ်"
"နိုင်ချင်လို့လေ နိုင်ချင်လို့"
"အကျင့်ကိုက..လူယုတ်မာ"
ပြောရင်း ထိုးလိုက်သည့် မျက်စောင်းလေးက မြတ်နိုးချင်စရာ အတိ။"ဒီတစ်ခါတော့လိုချင်တာရှိလို့ အရှုံးမပေးတော့ဘူးကောင်မလေး"
"ဘာလိုချင်တာလဲ ကြောက်တောင်ကြောက်လာပြီ"
"အချစ်တွေလိုချင်တာ" အရွှန်းဖောက်ရင်း ပြောလိုက်သည်။
"ညီရာ မဆိုးနဲ့ကွာ"
"ချစ်လို့ဆိုးတာလေကွာ ငြိုငြင်တာလား"
"တော်ပြီ အစ်ကိုရာ..တကယ်ချစ်မိသွားရင် တာဝန်ယူမှာလားပြော"
YOU ARE READING
Fly Me to the Star( Completed )
Jugendliteratur(Unicode+Zawgyi) Until the last diary.