Unicode
ကြယ့် ကို ကျောင်းဆင်းရင် ပန်းချီခန်းထဲလာခဲ့ဖို့ ခေါ်ထားတာကြောင့် ဆေးရောင်တွေ ပေကြံနေသည့် လက်ကို tissue နှင့်သုတ်ရင်း စောင့်နေမိသည်။
ဟော ပေါ်လာပါပြီ ကျွန်တော့် ကောင်ဆိုးလေး။
"ဘာတွေဆွဲနေတာလဲ"
"နေဦးနော် ကြယ်"
"ဘာကိုလဲ"
ကျွန်တော်ဆွဲထားသည့် board ကို သူမ ဘက် လှည့်ပြလိုက်သည်။
"ကြယ့်ဆီကိုဘယ်လိုလာရမလဲ ကိုယ်စဉ်းစားနေတုန်းမလို့"
"လှလိုက်တာ"
"ကြယ့်ဆီကိုလာဖို့ စက္ကူပုံးပဲတတ်နိုင်တယ်"
"အဲ့တာအာကာသဝတ်စုံမဟုတ်ဘူးလား"
"ဟုတ်ဘူး သေချာကြည့်ကြည့် လက်ထဲမှာ စက္ကူပုံးနဲ့ကို"
"ဟုတ်သားပဲ"
"Fly me to the moon မဟုတ်တဲ့ fly me to the star hee hee"
"ညီမကတော့ moon ပဲကြိုက်တယ်"
"အစ်ကိုကတော့ ကြယ်ပဲကြိုက်တယ်..ညီမကတော့ ကိုယ်တိုင်ကိုက star ပဲကို အဲ့တော့ moon ပဲကြိုက်မှာပေါ့"
"ညီမက star ဟုတ်ပါဘူး.. ကြယ် ဆိုတာကဒီတိုင်း နာမည်သက်သက်ပါ"
ဒီကောင်မလေးအဲ့လိုပြောလိုက်ပေမယ့်
သူ့နာမည်သူ star နဲ့ခိုင်းနှိုင်းမှန်းကျွန်တော် သိပ်သိတာပေါ့။twinkle star ဆိုတဲ့ သူမ ရဲ့ ဟိုးငယ်ငယ်က account name ကိုမြင်တုန်းကတောင်ကျွန်တော် ထိုင်ရယ်ခဲ့မိသေးတယ်။
YOU ARE READING
Fly Me to the Star( Completed )
Roman pour Adolescents(Unicode+Zawgyi) Until the last diary.