Unicode
နံနက်ခင်းရဲ့ သာယာလှပမှုကို ဘာနဲ့ ဖြည့်စွက်လိုက်ရင်ပြည့်စုံသွားမယ်ထင်သလဲ?
မဖြေပါနဲ့ မိတ်ဆွေ။ မိတ်ဆွေရဲ့အဖြေကို ကျွန်တော်စိတ်မဝင်စားဘူး။
ကျွန်တော့် အဖြေကိုတော့ မိတ်ဆွေစိတ်ဝင်စားရလိမ့်မယ်။
အထူးသဖြင့် ဒီလို သာယာတဲ့ နံနက်ခင်းလေးဟာ ခရမ်းရောင် highlight ဖောက်ထားတဲ့ ဆံပင်ဂုတ်ဝဲလေးနဲ့ ကောင်ဆိုးလေး ကြောင့် ပိုလှပခဲ့တယ်။"ချစ်စရာလေးကြည့်စမ်း" တွေ့တာနဲ့ ဆံပင်ညှပ်ပြီး ဆေးဆိုးထားသည့် ကောင်ဆိုးလေးကို ချီးမွမ်းလိုက်သည်။
"ညီမ ချစ်ဖို့ကောင်းမှန်း ညီမသိတယ်"
"ထူးထူးဆန်းဆန်း မျက်မှန်တပ်ထားပါလား"
"ချစ်စရာလေးမလား"
"တော်ပြီ ဘာမှမပြောတော့ဘူး"
သူမ ကရယ်ပြီး
"အစ်ကို မျက်မှန်ပါဝါဘယ်လောက်လဲ""175 နဲ့ 200"
"ကြည့်စမ်း ညီမနဲ့တူတူပဲ..ဘယ်ဘက်က 175 ဘယ်ဘက်က 200 လဲ"
"နေဦး ဘယ်ဘက်ပိုကန်းနေလဲကြည့်လိုက်ဦးမယ်"
ပြောရင်း မျက်မှန်ချွတ်ပြီး မျက်လုံးကိုတစ်ဖက်ဆီ ပိတ်ကြည့်နေသည့် ကျွန်တော့်ကို ကောင်ဆိုးလေးက ရယ်ပြီး
"ညီမလည်း အဲ့လိုပဲ လုပ်ကြည့်နေကြ"
"ညာဘက်ကပိုကန်းတာ ညာဘက် 200 ဘယ်ဘက် 175"
"ဒါဆို ညီမနဲ့ပြောင်းပြန်ပဲ"
"ဒါမယ့် အစ်ကိုကပိုချောတယ်"
"အောင်မာ လူယုတ်မာ..ညီမက ပိုချောတာ"
"ဘာ လူယုတ်မာလဲ လူကြီးကိုလာပြီး မစော်ကားနဲ့"
"ကလေးတွေ လူကြီးတွေမသိဘူး mood ဝင်လာရင်တော့ စော်ကားမှာပဲ"
"ကောက်ထုလိုက်ရ"
"ဟာ ထုရက်တယ်ပေါ့"
"အစ်ကို့ lips နဲ့ ညီမ forehead ကို"
သူမ က ထိုင်ရယ်ပြီး
"ဟာဗျာ ရင်တောင်ခုန်သွားပြီ"ကျွန်တော် သူ့စကားကို ပြုံးရုံပဲ ပြုံးလိုက်သည်။
"တကယ်လည်းမဟုတ်ဘဲနဲ့"