Unicode
ကျွန်တော့်ရဲ့ တစ်နေ့တာဟာ ကြယ်နဲ့စကားပြောဖို့ ကြယ်နဲ့တွေ့ဖို့ နဲ့ ကြယ်နဲ့စကားပြောဖို့ ပဲသံသရာလည်နေသည်။
ဒါပေမယ့်လည်း ဒီသံသရာဟာပျော်စရာကောင်းသည်။"ဘာစားမလို့လဲ ဝယ်ကျွေး"
Canteen မှာတစ်ယောက်တည်းထိုင်နေသည့် ကြယ့် ဘေးကို ကျွန်တော်ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ကြယ်က ဘာမပြောညာမပြောနဲ့ ထမင်းကြော်နှစ်ပွဲမှာလိုက်ပြီး
"အစ်ကိုဝယ်ကျွေးမယ်ဆိုလို့ မှာလိုက်ပြီနော်"
ကောင်ဆိုးလေးကို မျက်ခုံးတစ်ချက်ရှုံ့ပြီးကြည့်လိုက်သည်။
"ပြောလဲမပြောမိဘဲနဲ့""အမယ် ငါတို့နဲ့တောင်တူတူလာမထိုင်တော့ဘူးနော်"
"နောက်မှပေါ့ကွာ"
"သူနဲ့ကတော်တော်ခင်တဲ့ပုံပဲနော် facebook မှာအမြဲတတွဲတွဲ တွေ့မိတယ်"
"ဟုတ်တယ် သူနဲ့က state ကျောင်းတည်းက ခင်လာတာဆိုတော့"
"စစချင်း ညီအစ်မ တွေထင်နေဝာာ စကားပြောပုံ သုံးနှုန်းပုံတွေကတော်တော်တူလို့"
ကျွန်တော် စိတ်ပျက်သွားပြီး ရေတစ်ခွက်ငှဲ့သောက်လိုက်သည်။
"ထားလိုက်ပါ အဲ့တာတွေ"ထမင်းကြော်နှစ်ပွဲရောက်လာပြီး စားမည့်အချိန် နှိုင်းက ရုတ်တရက်
"နေဦး..ပြိုင်စားမလား ဘယ်သူအရင်ကုန်မလဲဆိုတာ""စိန်ခေါ်တာလား"
"ကြောက်တတ်ရင် ဘေးရှောင်လိုက်ပေါ့ဗျာ"
"အောင်မာ..လာပါ ပြိုင်မယ် စမယ်"
"Ready, one, two, three"
ကျွန်တော်က တစ်ခုခုစားတိုင်း အမြန်စားတတ်တာမလို့ ကျွန်တော်နိုင်မှာ သေချာ ပေမယ့်လည်း တစ်ခုခုဆို အနိုင်ရမှကျေနပ်တတ်သည့် ကောင်ဆိုးလေး ကိုအနိုင်မယူရက်တာကြောင့် ဖြည်းဖြည်းချင်းသာ စားပေးလိုက်သည်။
"နေဦး ဘာကြေးလဲ"
"အာဘွားပေးကြေး"
သူမအမေးကို ပလုပ်ပလောင်းနဲ့ ဘာရယ်မဟုတ် လျှောက်ပြောလိုက်ခြင်းဖြစ်သည်။

YOU ARE READING
Fly Me to the Star( Completed )
Novela Juvenil(Unicode+Zawgyi) Until the last diary.