ExtraPart ( The Last Diary )

384 8 0
                                    

Unicode
---------------

ည အတော်နက်နေပြီ။
မဲမှောင်နေသည့် အခန်းထောင့်က စာရေးစားပွဲမှာဝင်ထိုင်ပြီး မီးအိမ်ငယ်ကိုဖွင့်လိုက်တော့ ဝါထိန်ထိန်အလင်းရောင်က အထီးကျန်ဆန်မှုကို ပို၍ ဆောင်ကျဉ်းပေးလာသယောင်။

‌ဘောပင်ကိုကောက်ကိုင်လိုက်ပြီး
မဖွင့်ဖြစ်တာကြာပြီဖြစ်တဲ့ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာကိုဖွင့်ရင်း အပေါ်ဆုံးစာကြောင်းမှာ date တပ်လိုက်သည်။

May ../ ....

ကျွန်တော့် ဘဝ ထဲ ကြယ် ဆိုတဲ့ မိန်းကလေး ဝင်ရောက်နေထိုင်ခဲ့တာ ခုနစ်လ ရှိသွားပြီ။

ထို မိန်းကလေးနဲ့ပက်သက်ပြီး နာကျင်ခံစားရလို့ ရင်ဘက်အောင့်လာရတိုင်း

"မနာကျင်ပါနဲ့ မင်းတော့မနာကျင်ပါနဲ့..နာကျင်စရာတွေ ဦးနှောက်ဆီကိုပဲပို့ပေးပါ ငါပဲခံစားပါရစေ..မင်းကတော့ အနာတရကင်းကင်းနဲ့သူမ ကိုဆက်မြတ်နိုးပေးပါ"

လို့ အကြိမ်ကြိမ် ကိုယ့်နှလုံးသား ကိုယ်ပြန်တောင်းပန်ရတဲ့အထိ။

စိတ်ဓာတ်ကျလာရတိုင်း

" သူမ ကိုမြတ်နိုးဖို့ ရှင်သန်နေတဲ့သူဖြစ်ချင်တယ် "

လို့ ရှင်သန်နေရတဲ့ အကြောင်းအရင်းတစ်ခု အဖြစ် သတ်မှတ်ရတဲ့အထိ

ကျွန်တော့်အပိုင်မဟုတ်တဲ့ မိန်းကလေးကို ချစ်နေခဲ့တယ်။

အဲ့ဒီနေ့က  ကျွန်တော်သိထားသလောက်ဆို သူတို့ 4 monthsary ပြည့်တဲ့နေ့။
ကျွန်တော်သူ့ကိုချစ်နေတာတော့ ငါးလ ကျော်၊ ခြောက်လနီးပါး။

Monthsary နေ့တွေတိုင်း သူ့ကောင်လေးနဲ့ပုံ story တင်နေကြ ကြယ် က ဒီလမှာမှ ထူးထူးဆန်းဆန်း ဘာ story မှမတင်ခဲ့ဘူး။

နှစ်ရက်အကြာ

အဲ့ဒီနေ့က ကြယ့် profile ထဲဝင်လိုက်တော့ ရှိနေကြ သူ့ကောင်လေးနဲ့ highlight က +4 ကနေ  +5 ဖြစ်နေတာကြောင့် ဝင်ကြည့်လိုက်သည်။

နောက်ဆုံးမှာထည့်ထားတာက
"Happy 6 monthsary ပါ"

ကျွန်တော့် ဘဝထဲ ဝင်လာကတည်းက ပိုင်ရှင်ရှိနေတယ်ဆိုတာ မသိခဲ့ဘဲ မြတ်မြတ်နိုးနိုး ချစ်ခဲ့တာ။

Fly Me to the Star( Completed )Where stories live. Discover now