Unicode
နောက်ဆုံး စုတ်ချက်ကိုဆွဲပြီး စုတ်တံကို ရေခွက်ထဲ ထည့်ဆေးလိုက်သည်။
"Ah..ဇတ်ကြောတက်လိုက်တာ"
ကျောင်းက ပန်းချီခန်းထဲမှာ ပုံထိုင်ဆွဲနေလိုက်တာ ညနေတောင်စောင်းနေပြီ။ကျောင်းဖွင့်တာလည်း တစ်လကျော်လောက်ရှိပြီဆိုတော့ first year လေးတွေက club တွေကိုလိုက်လေ့လာပြီး ဝင်လိုက်ထွက်လိုက်လုပ်နေကြတာကြောင့် အာရုံနောက်ရသည်
လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တော့
October 4/ 4:44 p.m"တော်လိုက်တာ"
ထိုစဉ် ကောင်မလေးတစ်ယောက်အသံကြောင့် လှည့်ကြည့်လိုက်တော့
စည်းထားနေကြ နက်မှောင်တဲ့ဆံပင်အရှည်ကို ယခုအခါကျောပြင်ပေါ်ချထားသည့် ပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည်နှင့်ကောင်မလေး။
တစ်နည်းအားဖြင့်ပြောရရင် ပထမဆုံးနေ့က မင်းခန့် facebook acc သွားတောင်းသည့်ကောင်မလေးပင်။ ကျွန်တော်နဲ့ Facebook မှာ friends ဖြစ်နေတော့ မခင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် တော်တော်တောင်မျက်မှန်းတန်းမိ နေကြပြီ။
"အဲ့လောက်လည်းမဟုတ်ပါဘူး ဒီတိုင်းလျှောက်ဆွဲထားတာ hee"
"ဒါကကော အစ်မဆွဲထားတာလား..ဟိုနေ့က တွေ့ထဲကသဘောကျလို့ ဓာတ်ပုံတောင်ရိုက်ထားတာ" ကျွန်တော့် ပန်းချီကားတစ်ခုကို ကြည့်ရင်း ပြောလိုက်ပေမယ့် အစ်မ ဆိုတဲ့ နာမ်စားကြောင့် ကြောင်သွားသည်။
"ဘယ်ကအစ်မလဲ"
"မသိဘူး အစ်မလို့ပဲခေါ်မှာ"
ဂျစ်ကန်ကန်နှင့်ထိုကောင်မလေးက ကျွန်တော့်ကို အစ်မ လို့ခေါ်တာဖြစ်နေသည်။
'ရပါတယ် အခေါ်အဝေါ်က ကိစ္စမရှိပါဘူး"
"အဲ့ဆို အစ်မလို့ပဲခေါ်မယ် hee" "
"ဒါမယ့် စိတ်မကြည်တဲ့အချိန်လာခေါ်ရင်တော့ အာမ မခံဘူး"
ကျွန်တော်ရုပ်တည်ကြီးနဲ့ စလိုက်တော့မှ ရယ်ပြီး
" တော်ပြီ အစ်ကိုလို့ပဲခေါ်တော့မယ်"
"ကျေးဇူးတင်ပါတယ်"
YOU ARE READING
Fly Me to the Star( Completed )
Dla nastolatków(Unicode+Zawgyi) Until the last diary.