Part 2

4.8K 340 0
                                    

* Unicode *

ဘာလိုလိုနဲ့ တစ်လပြီးတစ်လ ကုန်သွားလိုက်တာ Lisa ဘွဲ့ယူမယ့် ရက်တောင်ရောက်လာပြီ။

အချိန်တွေကလည်း ကုန်တာ မြန်လိုက်တာ။ နေ့တိုင်း Jennie ကို သတိရလိုက် Diary တွေရေးလိုက် စာနဲ့လုံးပမ်းလိုက်နဲ့ တက္ကသိုလ်စတက်ကတည်းကနေ အခု ဘွဲ့ရတဲ့အထိ Lisaမှာ အချိန်တွေ ဘယ်လိုကုန်လို့ကုန်မှန်းတောင်မသိလိုက်ဘူး။

ရည်းစားလား။ ပထမဆုံးရင်ခုန်သံမှာတင် အချစ်ကြောင့်နာကျင်ခဲ့ပြီးပြီမို့ Lisa ရည်းစားထားဖို့ကိစ္စကို ခေါင်းထဲတောင်မထည့်မိခဲ့ပါဘူး။
တွေးတောင်မတွေးမိခဲ့ဘူး။

သူလား။ သူနဲ့က စကားသာ မပြောဖြစ်တာပါ။ သူ့အကြောင်းအတော်များများတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ Lisa ဆီရောက်လာလို့ Lisaသိရပါတယ်။ ရည်းစားများတာတွေရော၊ ကောင်လေးတွေနဲ့ ခပ်ရှုပ်ရှုပ်လုပ်တာတွေရောပေါ့။

စစကြားတုန်းက Lisa အခန်းအောင်းပြီး ငိုခဲ့ရသေးတယ်။ ဘယ်သူက ကိုယ်ချစ်တဲ့သူ အခြားလူတွေနဲ့တွဲတာကို ဝမ်းသာပြီးပျော်နေမလဲ။ Lisa လည်း လူပဲလေ။ Lisa ချစ်တဲ့သူကို အချစ်တွေ ထုတ်မပြဖြစ်တော့ပေမယ့်လည်း သဝန်တိုပါတယ်။

ဒါပေမဲ့ Lisa လက်ခံလိုက်ပါတယ်။ သူဟာ ကိုယ်ဘယ်တော့မှ မပိုင်နိုင်မယ့်ပန်းတစ်ပွင့်မှန်း။ ပြီးတော့ အဲ့ပန်းလေးကို နောက်တစ်ကြိမ်ထပ်ခူးဖို့လည်း Lisa မကြိုးစားတော့ဘူး။ သူပြောခဲ့ဖူးတဲ့အတိုင်း သူငယ်ချင်းပေါ့။ ဒီလောက်ပါပဲ။ သူတောင် ဒီလကုန်ရင် Korea ပြန်လာမယ်ကြားတယ်။

" သမီးလေးရေ အခမ်းအနားအချိန်နီးနေပြီနော်"
အမေ့အသံကြားမှပဲ ကိုယ်အတွေးလွန်နေတာသတိထားမိတယ်။

" ဟုတ် အမေ။ ခန်းမထဲဝင်ကြရအောင်။ ဒါနဲ့ အဖေရော။ "

" သူ့အသိနဲ့ စကားပြောရင်း ဝင်နှင့်သွားပြီ သမီးရဲ့"

"ဟုတ်၊ သမီးတို့လည်း ဝင်ကြမယ်လေ"

အမေ့ လက်ကိုတွဲပြီး ခြေလှမ်းတွေက ဘွဲ့နှင်းသဘင်ခန်းမကြီးဆီသို့။

တက္ကသိုလ်တက်တဲ့တစ်လျောက် Lisa သူငယ်ချင်းတစ်ယောက် ထပ်ရခဲ့ပါတယ်။ သူ့ နာမည်က Ireneတဲ့။ ခင်ဖို့ကောင်းတယ် ။ ကူလည်းကူညီတတ်တယ်။

Mine (U+Z) [COMPLETED] Where stories live. Discover now