Part 9

4.5K 281 9
                                    

*Unicode *

Kai နဲ့ D.O နဲ့ က Lisa အတင်းအိမ်ပြန်ခိုင်းလို့သာ စိတ်ချမ်းသာအောင်ပြန်လာခဲ့ကြတာလေ စိတ်က သိပ်မဖြောင့်ကြ ၊ အချိန်တိုအတွင်းရင်းနှီးခဲ့တာဆိုပေမယ့် Lalisa manoban က တခနလေးအတွင်းမှာပဲ သူတို့ညီမလေးလို ဖြစ်တည်မှုမျိုးဖြစ်သွားတယ်လေ။ lisa က မျက်နှာလည်း ချိုသလို စိတ်ထားလေးကလည်းလှတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုက မတောင်းဘဲ ပြည့်နေတာ ထင်ပါရဲ့။

အဲ့ဒါနဲ့ပဲ မနက်ရောက်တော့ နှစ်ယောက်လုံးက ဆေးရုံကို မုန့်တွေဝယ်လာပြီး အခြေအနေမေးဖို့ လာကြတာ။ ဒီကို ရောက်တော့ ညက Lisa ရှိနေခဲ့တဲ့ အခန်းမှာ ဘယ်သူမှမရှိ အဲ့ဒါနဲ့ တာဝန်ကျဆရာမတစ်ယောက်ကို မေးကြည့်တော့ ညက ဇွတ် အတင်း ဆေးရုံက ဆင်းသွားသည်တဲ့လေ။

D.O တို့လည်း Lisa ဘာဖြစ်တာလဲ သိနိုင်မယ့် လူကို လိုက်မေးရင်းမေးရင်းနဲ့ သူနာပြုတစ်ယောက်ညွှန်ပြတဲ့ ဆရာဝန်ရဲ့ရုံးခန်းထဲ ရောက်သွားတယ်။ နာရီဝက်ကြာ ဆရာဝန်နဲ့စကားပြောအပြီးမှာတော့ သူတို့နှစ်ယောက်လုံး Lisa အပေါ် စိုးရိမ်ပူပန်မှုတွေက အတိုင်းအဆမရှိ။ ဆရာဝန်ကလည်း ပုံမှန်ဆို လူနာအကြောင်းထုတ်မပြောပေမယ့် Kai နဲ့ D.O တို့ အသည်းအသန်မေးနေတာမို့ မတတ်သာတဲ့အဆုံး Lisa အခြေအနေကို ပြောပြလိုက်ရတာပါ။

D.O တို့လည်း စိတ်တအားပူပြီး Lisa ရဲ့ Company ဆီ လိုက်သွားသေးတယ်။ Lisa ရုံးမရောက်လာဘူးဆိုလို့ လိပ်စာတောင်းပြီး အိမ်ထိလိုက်လာကြတာ။ အိမ်ရောက်တော့ Lisa သူငယ်ချင်း Irene ဆိုတဲ့တစ်ယောက်ကို Lisa ကိစ္စတွေ ပြောပြလိုက်ကြတယ်။ ဒီပြသနာက သူတို့ချည်းပဲဆို မဖြေရှင်းနိုင်ဘူးလေ။

Irene က ဘယ်လိုမှ မယုံနိုင်နေဘူး။ မယုံနိုင်ဘူးဆိုတာထက်ကို လက်မခံနိုင်နေဘူး။ ဟင့်အင်း လက်မခံချင်ဘူး။

" ရှင်တို့ ကျွန်မကို လာလိမ်နေကြတာလား ။ Lisa က အခု ဖျားရုံဖျားနေတာလေ။ ကျွန်မတို့ ငါးနှစ်တောင် ခင်လာတာ Lisa က ချူချာတတ်တဲ့လူမျိုးလည်းမဟုတ်ဘူး။ အမြဲ အေးအေးဆေးဆေးနဲ့ ပျော်ပျော်လည်းနေတတ်ပြီး အလုပ်လည်းအရမ်းကြိုးစားတာလေ။ "

Kai: " ဒီက Irene စိတ်လျော့ပါ။ ကျွန်တော်တို့ အကောင်းဆုံးကိုစဥ်းစားကြမယ်လေ။ Lisa အဆင်ပြေသွားမှာပါ။"

Mine (U+Z) [COMPLETED] Where stories live. Discover now