Part 6

4.6K 302 3
                                    

*Unicode *

အတန်ကြာတိတ်ဆိတ်နေတဲ့ Jen ကို ဒယ်ဒီရော မာမီရောက အထူးအဆန်းဖြစ်ပြီး ထိုင်ကြည့်နေကြတယ်။
အရင်က သူတို့မြင်ဖူးတဲ့ သူ့တို့ရဲ့ သမီးလေး Kim Jennie ဆိုတာ ထက်ထက်မြက်မြက်နဲ့ ခပ်ချေချေကောင်မလေးတစ်ယောက်လေ။စိတ်မြန်လက်မြန်ကလည်းရှိသေး။ အဲ့လိုကလေးက အခုလက်ရှိ သူတို့ရှေ့မှာ မဝံ့မရဲ ပုံစံမျိုးဖြစ်နေတာဆိုတော့

" သမီးလေး သမီးဒယ်ဒီမေးနေတာ ဖြေလိုက်လေ။ သမီးအဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်" Jen မာမီက သူ့သမီးလေးဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး Jen အတွက် စကားလမ်းကြောင်းစပေးလိုက်တယ်။

" သမီး တစ်ခုခုဖြစ်နေတာမဟုတ်လား။ သမီးချစ်နေတဲ့သူက ဒယ်ဒီတို့သဘောမတူလောက်တဲ့လူမျိုးဖြစ်နေလို့လား" Mr.Kim ဟာ နာမည်ကြီးစီးပွားရေးသမားပီပီ တစ်စုံတစ်ခုကိုရိပ်မိနေတဲ့ပုံပေါ်ပါတယ်။

Jen လက်သီးလေးကိုဆုပ်ပြီး " ဒယ်ဒီတို့ကို သမီးဝန်ခံပါ့မယ်။ သမီး... သမီး မိန်းကလေးတစ်ယောက်ကိုချစ်မိနေတယ်"

"ဘယ်လို " Jenရဲ့မာမီက အံသြလွန်းစွာနဲ့ Jen ကိုကြည့်တယ်။ဒါပေမဲ့ အဲ့အကြည့်က စိတ်ပျက်သွားတဲ့အကြည့်မျိုးတော့မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ ဒီတိုင်း အရမ်း အရမ်းအံသြသွားတဲ့ အကြည့်။

Jen ဒယ်ဒီကတော့ သက်ပြင်းလေး ခပ်ဖွဖွချပြီး

" သမီး LA ရောက်နေတဲ့ နှစ်တွေမှာ သမီးအကြောင်း ဒက်ဒီ အကုန်လိုလိုပြန်သိရတယ်။ ဒါပေမဲ့ သမီးတွဲခဲ့သမျှ ယောက်ျားလေးတွေပဲ မဟုတ်လား။ သမီး မိန်းကလေးနဲ့ ပတ်သက်တာ ဒယ်ဒီမကြားမိဘူး။ ဒယ်ဒီ့အထင် Dr.Somi ဆိုတဲ့ ကလေးမလေးလည်း မဟုတ်လောက်ဘူးထင်တယ်။ ဒယ်ဒီ မသိတဲ့သူများလား"
Mr.Kim တို့ဇနီးမောင်နှံဟာ ပညာတတ်တွေပီပီ ပြေရာပြေကြောင်းနဲ့ အကြောင်းအကျိုးကိုသေချာသိအောင် စိတ်ရှည်ရှည်နဲ့ မေးနေတယ်။

ဒယ်ဒီတို့ဘက်က Jen မျော်လင့်ထားသလို ခါးခါးသီးသီးမဟုတ်တာမို့ Jen စိတ်အနည်းငယ်အေးသွားပြီး

"ဟုတ်ကဲ့ သမီးနဲ့ ပတ်သက်ပြီး ဒယ်ဒီမသိလောက်ပေမယ့် စီးပွားရေးနဲ့ ပတ်သက်ပြီးတော့တော့ ဒယ်ဒီသိချင်သိမှာပါ။ သူ့နာမည်က Lalisa manoban တဲ့ သမီးကိုရီးယားမှာ ကျောင်းတက်ခဲ့တုန်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြဖူးတယ်"

Mine (U+Z) [COMPLETED] Tempat cerita menjadi hidup. Temukan sekarang