*Unicode *
"Lisa ရေ! အန်တီ Lisa ရှိလား"
"ရှိတယ် သမီး Irene ရေ Company သွားဖို့ပြင်နေတယ် သူ့အခန်းထဲမှာ ဝင်သွားလိုက်သမီး" Irene က Lisa အိမ်ကို လာလည်နေကြဆိုတော့ စားအိမ်သောက်အိမ်လိုတောင်ဖြစ်နေပါပြီ။
ဘွဲ့ရပြီးတော့ Irene က အလုပ်မဝင်သေးဘဲ အေးဆေးနားနေပေမယ့် Lisaက သူ့အဖေ Company မှာ အလုပ်ဝင်လုပ်နေပါပြီ။ သိတယ်မလား။ ထုံးစံအတိုင်း Jen ကိုမေ့ဖို့တဲ့။ နေနိုင်တာလည်း မဟုတ်ဘူး ပြီးရင်။
"Ya Ireneမ! မနက်စာလာစားတာလား"
"နင်ကလေ ငါ့ကိုဆို အငတ်မထင်နေတာလား"
"မသိဘူးလေ နင်ကအမြဲ ငါ့အိမ်လာပြီး မုန့်စားပြန်တာမဟုတ်လား"
"ဟဲဟဲ ဒါတော့ ဒါပေါ့။ ငါအခုလာတာက ငါနဲ့အတူ wedding တက်ပေးဖို့"
"ဘယ်သူ့ Wedding ဪ ငါသိပြီ နင်ပြောပြောနေတဲ့ နင့်ရဲ့ တစ်ဝမ်းကွဲ ဆရာဝန်မမ"
" ဟီး ဟုတ်တယ်ဟ အာ့ နင်ပါလိုက်ခဲ့နော်။ ငါ့နင့်ကိုပါ ခေါ်လာမယ်ပြောထားလို့ "
"အင်းပါ လိုက်ခဲ့ပေးမယ်။ အခုတော့ ငါ Company သွားတော့မယ်ဟေ့ မနက်ပိုင်းအစည်းအဝေးရှိလို့၊ နင်က စားသောက်ပြီးမှ ပြန်မှာ မဟုတ်လား"
"ဟီး ငါ့ သူငယ်ချင်းလေးက သိသားနဲ့"
"အမေရေ အမေ့ရဲ့ မွေးစားသမီး အငတ်လေးကို မုန့်ကျွေးလိုက်ဦးနော်။ သမီး အလုပ်ဆီသွားပြီ"
"စိတ်ချပါတော်"
* wedding day
Lisa တစ်ယောက် ကားမောင်းပြီး မင်္ဂလာခန်းမဆီထွက်လာခဲ့တယ်။ Irene က ကြိုရောက်နှင့်နေပါပြီ။ Ph ဆက်ထားတာကြောင့် Lisa ကို ထွက်ကြိုနေတယ်။
မိန်းကလေးနှစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ အရမ်းတွေ နူးညံပြီး အရမ်းကဗျာဆန်လွန်းနေတယ်။ သက်တန့်ရောင်အငွေ့အသက်လေးတွေ ဖုံးလွှမ်းလို့။ တကယ့်ကြည့်နူးစရာကြီး။
မိန်းကလေးနှစ်ယောက် အင်း မိန်းကလေးနှစ်ယောက်ရဲ့ ဒီလိုမင်္ဂလာပွဲကို Lisa ရဲ့ တစ်ချိန်က Jennie သာသိရင် ဘယ်လိုမှတ်ချက်ပေးမလဲသိချင်ပါရဲ့။
Jennie ဆိုမှ Koreaကို သူပြန်ရောက်လာတာ ကြားပေမဲ့ တစ်ခါမှ အပြင်မှာ မတွေ့ရသေးဘူးပဲ။
YOU ARE READING
Mine (U+Z) [COMPLETED]
Fanfictionချစ်ခြင်းမေတ္တာအကြောင်းနဲ့ တစ်စုံတစ်ယောက်ကိုပဲ မပြောင်းလဲဘဲချစ်တတ်တဲ့နှလုံးသားနဲ့လူတွေရှိကြောင်းကို ရေးထားတဲ့ ဇာတ်လမ်းလေးပါ။ Lisaက ကိုယ်တိုင်ဖန်တီးယူထားရတဲ့ နေသားကျမှုတွေမှာ အဆုံးထိနေသားကျသွားမလား Jennie ရဲ့ ကိုယ်တိုင်သိရှိသွားမှုတွေကရော ပြင်ဆင်ဖို့...