*Unicode *
"Lisa Lisa သတိထားပါဦး"
Irene လှုပ်နှိိုးနေပေမယ့် Lisa က မနိုးလာခဲ့ပါဘူး။
"Hello Jennie လား။ ဒီမှာ Lisa မေ့လဲသွားလို့။ ***လမ်းထိပ်က ပန်းခြံနားမှာ"
"Jen အခုလာခဲ့မယ် Irene။ ဆေးရုံကားခေါ်ထားလိုက်ပါ"
တကယ်က Irene တို့ ဂျပန်ကို ထွက်လာပြီး နောက်တစ်နေ့မှာဘဲ Jen က Lili ကို စိတ်မချလို့ တန်းလိုက်လာတာ။ Lili တော့ မသိပေမယ့် Lili တို့နေတဲ့ Hotel ရဲ့ မလှမ်းမကမ်းမှာ Jen က တိုက်ခန်းတစ်ခန်းဝယ်ပြီးကို Lili အနားနေနေတာ။ Irene နဲ့တော့ အဆက်အသွယ်မပြတ်ဘူး။ Irene ကလည်း သူ့တစ်ယောက်ထဲထက်စာရင် Jen ပါရှိနေတော့ သူပိုအားရှိတာပေါ့။
Lisa က သူ့ရောဂါအခြေအနေကို ဘယ်သူ့ကိုမှ ပေးမသိစေချင်ပေမယ့် လက်ရှိမှာ အားလုံးက သု့အခြေအနေကိုသိနေတာကို သူတစ်ယောက်ထဲပဲ ပြန်မသိတာပါ။
Jen က Liliရဲ့ အခြေအနေကိုရော သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုရော Diaryကို ဖတ်ပြီးတဲ့ ညကတည်းက ဒယ်ဒီရော မာမီရောကို ပြောပြီးသားပါ။
၃လဆိုတဲ့အချိန်က လုံလောက်နိုင်တဲ့အခြေအနေမဟုတ်တော့တာကြောင့် အမွေဖြတ်ချင်ဖြတ် Lili ကို ကုပြီးတာနဲ့ Lili နဲ့ပဲ ယူမှာလို့ အပြတ်ပြောခဲ့တယ်။
အချစ်ရဲ့ အကျိုးသက်ရောက်မှုလား ဘာလာတော့ သေချာမသိပေမယ့် Jen Lili ကို ယုံတယ်။ Lili က Jen ကို ဒီလောက်အကြာကြီး ချစ်လာတာ၊ သူ Jen ကို ဒီအတိုင်းတော့ မထားသွားလောက်ဘူးမဟုတ်လား။
အို ထားသွားမယ်ဆိုရင်တောင် Jenက လက်မလွတ်ပေးနိုင်ပါဘူး။ ပြောပြရဦးမယ်လေ 'ဟောဒီက Jen က Lili အပိုင်ပါ'ဆိုတာကို။
နှစ်တွေအများကြီး သူ့စိတ်ကြိုက် လူကို ခိုးချစ်ခဲ့ပြီးတော့ အခု Jen က သူ့ကို ချစ်လှပါချည်ရဲ့ဆိုမှ ထာဝရအတွက်ပါထားခဲ့ဖို့ လုပ်ရလား အရူးရ။ စိတ်ပုတ်လိုက်တာ။ လက်စားချေချင် အခြားနည်းနဲ့ ချေကွာ ဒီက အများကြီး ချစ်ပေးမှာမို့။
Jenရဲ့ ဒယ်ဒီ ကနေ တစ်ဆင့်ပဲ ထိုင်းကို ရောက်နေတဲ့ Mr.manoban တို့လည်း သိသွားတယ်။ Lili အမေက ရှော့ရပြီး မေ့လဲသွားလို့ ချက်ချင်းမလိုက်လာနိုင်ကြဘူး။ ဖြစ်ချင်တော့ Lili ကလည်း အဲ့နေ့ပဲ ညတွင်းချင်း ဂျပန်ကိုသွားလိုက်တယ်လေ။
YOU ARE READING
Mine (U+Z) [COMPLETED]
Fanfictionချစ်ခြင်းမေတ္တာအကြောင်းနဲ့ တစ်စုံတစ်ယောက်ကိုပဲ မပြောင်းလဲဘဲချစ်တတ်တဲ့နှလုံးသားနဲ့လူတွေရှိကြောင်းကို ရေးထားတဲ့ ဇာတ်လမ်းလေးပါ။ Lisaက ကိုယ်တိုင်ဖန်တီးယူထားရတဲ့ နေသားကျမှုတွေမှာ အဆုံးထိနေသားကျသွားမလား Jennie ရဲ့ ကိုယ်တိုင်သိရှိသွားမှုတွေကရော ပြင်ဆင်ဖို့...