Part 8

4.5K 292 2
                                    

*Unicode *

ဆေးရုံကပြန်လာပြီးတော့ Lisa အခန်းထဲမှာ တဝကြီးငိုလိုက်တယ်။ လောလောဆယ် ဘာလုပ်ရမယ်မှန်း Lisa တကယ် မစဥ်းစားတတ်တော့ပါဘူး။ Lisa ရဲ့ မိဘတွေကိုလည်း အသိမပေးချင်နေဘူး။ အမေခံစားနိုင်မှာမဟုတ်မှန်းသိနေသည်လေ။ ဘယ်သူ့ကိုမှ မပြောပြချင်ဘူး။

diary စာအုပ်လေးကိုဖွင့်ပြီး စာကြောင်းလေးတချို့ကို မျက်ရည်တွေကျရင်းရေးပြီး ဘယ်လိုဆုံးဖြတ်ရမယ်မှန်းလည်းမသိတော့ဘဲ မျက်ရည်တွေနဲ့ပဲ အိပ်ပျော်သွားရတော့တယ်။ ဘေးမှာ ဂရုစိုက်ပေးမယ့် တစ်ယောက်​ယောက်ရှိမနေတာကြီးက ဆိုးလိုက်တာ

"ဒေါက် ဒေါက်"

မနက် စောစောစီးစီး တံခါးခေါက်သံ၊ Lisaသိတာက သေချာပေါက် Irene ပဲပေါ့။ Lisaရဲ့ အိမ်က သူ့အိမ်လိုတောင်ဖြစ်နေတာဆိုတော့ Lisa အခန်းရှေ့အထိ တံခါးမရှိဓားမရှိဝင်လာဖို့ကသူ့အတွက်မခဲယဥ်းပါဘူးလေ။ ကြားပေမယ့် Lisa တံခါးထမဖွင့်ပေးနိုင်ဘူး။ ဘာလို့ဆို
Lisa ညက စောင်မခြုံဘဲ အိပ်မိလို့ ဖျားနေပြီလေ။

" Irene လား ဝင်ခဲ့လေ lock မချထားဘူး"

ချောက်ခနဲ့ တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့သူက Irene မဟုတ်နေဘူး။ Lisa သူရဲ့မျက်စိကိုတောင် သူမယုံနိုင်ဘူး။ သူတွေ့လိုက်ရတာက Kim Jennie ၊ သူ့ရဲ့ ချစ်ရပါသောJen က သူ့အခန်းထဲ ဝင်လာသည်တဲ့လေ။ သူအိပ်မက်မက်နေတာများလား။

တော်သေးတာပေါ့ Lisa print ခိုးပြီး ထုတ်ထားတဲ့ Jen ရဲ့ ဓာတ်ပုံအယ်ဘမ်တွေက အံဆွဲထဲမှာမို့။ Diary စာအုပ်ကိုတော့ မြန်မြန်ဆန်ဆန်ဘဲ ခေါင်းအုံးအောက်ကို ထိုးထည့်ပြီး ဖွက်လိုက်ရပါတယ်။ မျက်ရည်တွေဘာတွေရှိနေမှာစိုးလို့ မျက်နှာကိုလည်း မသိမသာနဲ့ ပွတ်လိုက်ရသေး။ Lisaဟန်ဆောင်တော်တယ်ဆိုတာသိတယ်မို့လား။  Lisa ကျန်းမာရေး အခြေအနေကို အမေတို့ကိုရော Jen တို့ကိုရော ဘယ်သူ့ကိုမှမသိစေချင်ပါဘူး။ Lisa က ကိုယ့်ကြောင့် တခြားသူပျော်တာမျိုးဘဲ ဖြစ်စေချင်တာ။ 

" အာ Jennie shi အစောကြီးဘဲ  အိမ်ထိတောင်လာတာဆိုတော့  ဘာကိစ္စများ ဖြစ်လို့လဲလည်းဟင်"

"Lisa ဆီကို ဒို့က ကိစ္စရှိမှ လာရမှာလား" ဆိုပြီး ကုတင် အစွန်းမှာ ဝင်ထိုင်လိုက်တယ်။ "

Mine (U+Z) [COMPLETED] Where stories live. Discover now