Umicode Version
[တစ်ကိုယ်လုံးအပြည့်နဲ့နှစ်ယောက်ပုံ]
ဖုကျန်းစာတောင်မပြန်နိုင်ခင်မှာပင် သူ့အားပုံလာအပ်သောညီမလေးကနောက်ထပ် စာတစ်စောင်ထပ်ပို့လာပြန်သည်။
[နည်းနည်း အကြမ်းပတမ်းလေးဆိုပိုကောင်းတယ် ကျေးဇူးပါကျဲကျဲ (ω)]
[…..]
[…]
ဖုကျန်းသူ့နှဖူးကိုသူဖိနှိပ်လိုက်သည်..ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ကသူ၏အခန်းတံခါးရှေ့သို့သူ့ဘာသာသူရောက်လာပြီဖြစ်ရာ ငြင်းပယ်ရန်လည်းမဖြစ်နိုင်တော့ချေ။ သို့သော်လည်း “Shazou Chronicle” ၏မူလပုံဆွဲသူတစ်ယောက်ဟူသည့်အကာကိုတော့ သေချာဖုံးထားရမည်ဖြစ်သည်.. လူသိခံ၍မဖြစ်နိုင်ပေ။
[စတိုင်ကကျတော့ နဂိုအတိုင်းပဲမလား]
[နဂိုအတိုင်းဆိုပိုကြိုက်တယ်]
ဖုကျန်းခေါင်းငြိမ့်လိုက်သည် သူ၏ယခုအနေအထားက အင်တာနက်ထဲရှိတခြား ပုံဆွဲသူများထက်အမှန်ဆိုပိုသာလေသည်။ သို့သော်လည်း သူ၏ပထမဆုံးအော်ဒါဖြစ်လေရာ ဈေးအများကြီးလည်းမတောင်းဝံ့ပေ။
[ယွမ် ၂၀၀ ဆိုရလား]
ဤဈေးမှာ အမှန်ဆိုဟင်းရွက်ကန်စွန်းဈေးလောက်သာရှိသည်။ ယခင်ကသူဆွဲသည့် အရောင်သွင်းထားသောပုံများဆို ထောင်ဂဏန်းတော့ရှိသည်လေ။
သို့သော် Custard bun က ယဉ်ကျေးမှုပင်မရှ်ိ။
[ဈေးထပ်လျှော့ပေးလို့ရဦးမလား]
ဖုကျန်း သက်ပြင်းချမိသည်.. ဒီ custard bun ကသူ၏ပထမဦးဆုံးဝယ်သူဖြစ်သည် သူကဈေးလျှော့ဆိုတော့လည်း လျှော့ပေးရပေမည်။
[၁၅၀ ထပ်လျှော့လို့မရတော့ဘူး]
[အိုခေ]
Custard bun မှာဤဈေးနှင့်ရသည်ကိုအလွန်ပျော်သွားလေသည်။ နှစ်ယောက်သားဈေးညှိပြီးအသေးစိတ်များပြောပြီးနောက်တွင် custard bun ကချက်ချင်းဖုကျန်းထံသို့ စရန်ငွေအနေနှင့် ယွမ် ၅၀ ကို Alipay မှတစ်ဆင့်လွှဲပေးလာသည်။ ငွေဝင်သံကြားရသောအခါ ဖုကျန်းတစ်ယောက် တံတွေးပင်မျိုချမိသည်။
YOU ARE READING
I Woke Up And Was Pregnant (MMtrans)
RomanceThis work is not written by me and just a translation of the webnovel 一觉醒来我怀孕了(I woke up and was Pregnant) of original author 楼不危(Lou Bu Wei). Status - Completed with 141 Chapters + 9 extras You can also read the English translations in novelupdates...