Chapter 20

2.2K 385 48
                                    

Unicode Version

လျိုဟန်က အေးစက်စက်ဖြင့်ထေ့ငေါ့ပြီး နှာမှုတ်သံတစ်သံပြုလိုက်သော်လည်း ဖုကျန်းကတော့ သူ့အားကြောက်လန့်နေသည့်ပုံမပေါ်ပါ။

ဖုကျန်းချန်က သူ၏သားငယ်လေးအတွက်အမှန်တကယ်ပင် ဂရုမစိုက်သည်လား သို့မဟုတ် သူကလျိုဟန် သတိလက်လွတ်ဖြစ်မည့်အချိန်ကိုစောင့်နေကာ ဖုကျန်းကတန်ဖိုးမရှိ‌သည်ကိုသိရှိပြီး ပြန်လွှတ်ပေးမည်ဟုမျှော်လင့်နေသည်များဖြစ်မည်လား။

လျိုဟန်တစ်ယောက် ရင်ထဲမှကြိတ်ကာလှောင်ရယ်လိုက်သည်။ အကယ်၍များဖုကျန်းချန်က ဤသို့အမှန်တကယ်များတွေးနေသည်ဆိုလျင် ထိုသူကသူ့အားအလွန်ပင် လျှော့တွက်မိနေပြီဖြစ်၏။ သူတို့အနေဖြင့် သိန်း ၈၀၀ ကိုမရခဲ့လျှင်တောင်မှ သူ့အနေဖြင့် ဖုကျန်းကိုသက်သက်သာ‌သာဖြင့်လွှတ်ပေးလိုက်မည်မဟုတ်သည်မှာတော့ သေချာသည်။

ဤသို့ဖြင့် ညတစ်ညကတော့ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးသွားပြန်သည်။ သို့သော်ထိုငြိမ်းချမ်းမှုက ဖုကျန်းနှင့်လျိုညီအစ်ကိုအတွက်တော့ ကောင်းခြင်းဖြစ်မနေပေ။ ဖုမိသားစု၌ မည်သည့်ကိစ္စမှမဖြစ်လာသောကြောင့် သူတို့အနေဖြင့်ဖုကျန်း ပြန်ပေးဆွဲခံရသည့်ကိစ္စကို အမှန်တကယ်ပင်ဂရုမစိုက်ကြတာဖြစ်သည်။

နောက်တစ်နေ့နံနက်တွင် နွေးထွေးလှသောနံနက်ခင်း၏အလင်းရောင်က အခန်းကျဉ်းလေး၏ရှေ့ဘက် မှန်ပြတင်းမှနေ၍အခန်းထဲသို့ ဝင်လာလေသည်။ ဖုကျန်း၏နှုတ်ခမ်းထောင့်၌ အစိမ်းပုပ်ရောင်သန်းနေသော ဒဏ်ရာတစ်ခုရှိနေလေ၏။ ယခင်ညက လျိုဟန်ကြောင့်ရရှိခဲ့သောဒဏ်ရာပင်ဖြစ်လေသည်။

သူကခေါင်းကိုမော့ကာ ပြတင်းပေါက်မှတဆင့်အပြင်ကို ကြည့်လိုက်သည်။ အပြင်၌ သူမြင်ရသည်က အညိုရောင်သစ်ပင်သစ်တောများနှင့် အဆုံးမရှိ‌နိုင်သော ခြုံနွယ်ပိတ်ပေါင်းများပင်။ နေရောင်ခြည်က ထိုအရာများပေါ်၌ ရွှေရောင်အလွှာတစ်ခုခြုံကျလာသကဲ့သို့ ကျရောက်နေလေသည်။

ဖုကျန်းက အပြင်ဘက်သို့ အချိန်အကြာကြီးငေးကြည့်နေမိသည်။ လျိုဟန်နှင့်လျိုဝမ်းတို့ ညီအစ်ကို ၂ ယောက် ပြန်ဝင်လာမှသာ အကြည့်ကိုရုတ်သိမ်းကာ ခေါင်းကိုငုံ့လိုက်ပြီး မြေပြင်ကိုသာကြည့်နေမိတော့သည်။

I Woke Up And Was Pregnant (MMtrans)Where stories live. Discover now