ဖုတင်းသည် ထန်ဝမ်ဝမ်နှင့် ဖုန်းပြောပြီးနောက်တွင် အောက်ထပ်သို့ဆင်းသွားလိုက်သည်။ ထန်ဝမ်ဝမ်ကို ထိခိုက်အောင်လုပ်ခဲ့သော လျိုညီအကိုနှစ်ယောက်ကို ကိုယ်ရံတော်များက အိမ်အပြင်သို့ ဆွဲထုတ်သွားကြလေသည်။ ညီအကိုနှစ်ယောက်က အော်ဟစ်ကြိမ်ဆဲရင်း မကြာခင်အချိန်အတွင်း လက်စားချေမည်ဖြစ်ကြောင်း ကြိမ်ဆိုနေကြလေသည်။
ဖုတင်းသည် ဂရုပင်မစိုက်ဘဲ ထမင်းစားခန်းထဲရှိစားပွဲရှေ့တွင် ငြိမ်သက်စွာထိုင်နေသော ဖခင်ဖြစ်သူ ဖုကျန်းချန်ကိုကြည့်လိုက်ရင်း ပြောသင့်မပြောသင့် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးပြောလေသည်။
"အဖေ... ကျွန်တော် ဟိုတစ်နေ့ညက ဖုကျန်းကိုတွေ့လိုက်တယ်"
ဖုကျန်းချန်မှာ ဖုကျန်း၏အမည်ကို ကြားလိုက်သောအခါ တစ်ခဏမျှ ကြောင်အမ်း၍ သွားလေသည်။ ထိုသူကို မေ့လျှော့ကာ နေခဲ့၍ထင်သည်... စဉ်းစားဟန်လုပ်ကာ ဖတ်လက်စ သတင်းစာကို လှန်လိုက်ရင်း မေးလေသည်။
"ဪ.. သူအခု ဘယ်လိုနေလဲ"
ဖုတင်းသည် ဖုကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ ခုံတွင်ထိုင်ချလိုက်ရင်းပြန်ဖြေသည်။
"သူ့ကိုကြည့်ရတာ အဆင်ပြေနေတဲ့ပုံတော့ မပေါ်ဘူး"
ထိုနေ့က ဖုကျန်း ဝတ်ထားသည်ကို ကြည့်ရသည်မှာ ဘားတစ်ခုတွင် စားပွဲထိုးအနေနှင့် အလုပ်လုပ်နေပုံရ၏။
ဖုကျန်းချန်က ရယ်မောလိုက်ကာ ပြောလေသည်။
"သူက ဘာဆိုဘာမှမသိတဲ့လူလေ.. ဖုမိသားစု မပါဘဲ သူဘာများလုပ်နိုင်မှာမို့လဲ? အသက်ရှင်နေတာတောင် တော်တော်မဆိုးဘူးပြောရမယ်"
ဖုတင်း : "ဟုတ်တယ်"
နှစ်ယောက်သား တစ်ခဏမျှ အသံတိတ်သွားလေသည်.. လီမာက ညစာကို မီးဖိုချောင်ထဲမှ သယ်လာပြီး တစ်ခုပြီးတစ်ခု စားပွဲပေါ်သို့ချလိုက်ပြီးနောက် ပြန်လှည့်ထွက်သွား၏။
ဖုတင်းသည် စားသောက်ရန် တူများကိုကိုင်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားရာ တစ်ဖက်တွင်ထိုင်နေသော ဖုကျန်းချန်ဘက်သို့ ဦးလှည့်လိုက်ပြီး ပြောလိုက်၏။
YOU ARE READING
I Woke Up And Was Pregnant (MMtrans)
RomanceThis work is not written by me and just a translation of the webnovel 一觉醒来我怀孕了(I woke up and was Pregnant) of original author 楼不危(Lou Bu Wei). Status - Completed with 141 Chapters + 9 extras You can also read the English translations in novelupdates...