Chapter - 15

1.4K 344 25
                                    

Unicode Version

နောက်တစ်နေ့မနက်တွင် ဖုကျန်းနိုးလာသောအခါ ၈ နာရီပင်ထိုးနေပြီဖြစ်သည်။ သူဤကဲ့သို့ နောက်ကျသည်အထိ မအိပ်ဘဲနေခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

သူ့ခြေထောက်များက မနေ့ညကလောက်တော့ မနာတော့ပါ ထို့ကြောင့်အိပ်ရာထပြီး‌နောက်တွင် မီးဖိုချောင်ထဲသို့သွားကာ ခေါက်ဆွဲခြောက် လက်တစ်ဆုပ်လောက်သွားယူလာပြီး သူအခန်းသို့ပုံဆက်ဆွဲရန် ပြန်လာခဲ့လိုက်သည်။

အိမ်တွင်ငှားနေကြသော အခြားသူများမှာ ယခုအချိန်တွင် အလုပ်သို့သွားကြပြီဖြစ်ရာ ညအချိန်မှာထက် ပို၍တိတ်ဆိတ်နေလေသည်။ ဖုကျန်းလည်း ညက သူပုံကြမ်းဆွဲထားသည်ကို ဆက်၍လုပ်ရန် ကွန်ပြူ‌တာရှေ့တွင်သာ တစ်ိုက်မတ်မတ်နေလိုက်တော့၏။

**

ထန်ဝမ်ဝမ်က ဖုတင်းတစ်ယောက် ဖုကျန်းဆီမှ Shazou Chronicle ၏မူပိုင်ခွင့်ကိုဝယ်ရန်ကြိုးစားခဲ့သည်ကို ဖုတင်း၏လက်ထောက်ဆီမှကြားပြီးနောက် ချက်ချင်း ဖခင်ဖြစ်သူ၏ကုမ္ပဏီသို့သွားလေ၏။ ဓာတ်လှေကားထဲသို့ဝင်ကာ အပေါ်ဆုံးထပ်ကိုနှိပ်၍ ဖုကျန်းချန်၏ရုံးခန်းထဲသို့ဝင်သွားလိုက်သည်။

တံခါးမခေါက်တော့ဘဲ သူမကထုံးစံအတိုင်းပင် တံခါးကိုတွန်း၍ဝင်ကာ ဆိုဖာ၌ဝင်ထိုင်လိုက်ပြီးမှ ဖုကျန်းချန်အားပြောလိုက်၏။

“ဖေဖေ သမီးကြားတာ Shazou Chronicle ရဲ့မူပိုင်ခွင့်က ဖုကျန်းလက်ထဲမှာရှိနေတာဆို၊ အဖေတို့က သူ့ဆီကနေဝယ်ချင်ကြတာလား”

ဖုကျန်းချန်က ထန်ဝမ်ဝမ်အလောတကြီးဝင်ရောက်လာသည်ကို မြင်သော်လည်းသူ့မျက်နှာပေါ်၌ ဒေါသတစ်စုံတစ်ရာပေါ်မနေပေ။ သူ၏ စာရွက်စာတမ်းကိုသာ နောက်တစ်မျက်နှာသို့လှန်လိုက်ကာ အမူအရာကတော့ ပျော်သည့်ပုံလည်းမပြ စိတ်ဆိုးသည့်ပုံလည်းပြမနေ‌ချေ။

ထန်ဝမ်ဝမ်မှာ စိတ်တိုလာကာ ချက်ချင်းမျက်နှာပျက်သွားပြီး ဖုကျန်းချန်အားပြောလိုက်၏။

“ထားလိုက်တော့ သမီးအဲဒါကိုရုပ်ရှင်မရိုက်ချင်တော့ဘူး မဝယ်နဲ့တော့”

ဖုကျန်းချန်ကခေါင်းမော့လာပြီး ဆိုဖာပေါ်၌ထိုင်နေသော ထန်ဝမ်ဝမ်အားတစ်ချက်ကြည့်ကာပြောလေသည်။

I Woke Up And Was Pregnant (MMtrans)Where stories live. Discover now