Chapter 16

1.5K 330 13
                                    

Unicode Version

ထန်ဝမ်ဝမ်ဘာလုပ်ချင်နေသည်ကို ဖုကျန်းမသိပါ၊ သို့သော် သူမဘာကိုပဲလုပ်ချင်နေနေ သူနှင့်လည်းလားလားမှမဆိုင်‌ပါ၊ သူမကြိုက်သလို ဖုကျန်းချန်ရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ပြုမူချင်လည်းရသည်လေ။

ထန်ဝမ်ဝမ်က သူမအား လစ်လျူရှုထားသော ဖုကျန်းကိုကြည့်ကာ ဒေါသထွက်လာသည်။ ရေကိုဓားနှင့်ဖြတ်နေသည့်အလား မည်သည်ကမှမထိရောက်သောကြောင့်ဖြစ်သည်။

သူမက တခဏမျှစဉ်းစားပြီးနောက် ဖုကျန်းကိုပြောလိုက်သည်။

“ငါကနောက်လဆိုရင် အက်စတွန်ဥယျာဉ်အိမ်ယာမှာ လက်ထပ်မှာ... နင့်မှာအချိန်ရှ်ိမယ်ဆိုရင် လာလို့ရတယ်”

အက်စတွန်ဥယျာဉ်အိမ်ယာ….

ဖုကျန်း တွေဝေသွားသည် သူမှတ်မိလိုက်သည်က သူခုနစ်နှစ်ပြည့်မွေးနေ့တွင် ဖခင်ဖြစ်သူကသူ့အတွက် အပန်းဖြေဥယျာဉ်တစ်ခုတည်ဆောက်ပေးမည်ဟူ၍ ကတိပေးခဲ့ပြီး နောက်တစ်နှစ်၏ နွေဦးကာလတွင် သူ(ဖုကျန်းချန်)က အက်စတွန်ဥယျာဉ်အိမ်ယာကို ဝယ်ယူကာ သူ၏ချစ်လှစွာသော မင်းသားလေးအတွက် ရဲတိုက်တစ်ခုဆောက်ပေးခဲ့သည်။

နောက် ၁၀ နှစ်ကျော်ကြာသည့်အခါတွင်မူ သူတို့က ထိုရဲတိုက်ကို ထန်ဝမ်ဝမ်ဆီသို့ ပေးလိုက်ကြသည်။

ဖုကျန်းကတော့ သူ့အနေနှင့်ဤသည်ကိုဂရုမစိုက်ဟု တွေးနေသော်လည်း သူ၏အသွေးအသားများကတော့ မလိမ်ညာနိုင်ကြပေ.. အချိန်အတော်ကြာကတည်းက သူ၏နှလုံးသား၌ ပြဿနာတစ်ခုခုရှိနေပုံရ၏။ ထို့အပြင် သူကတစ်နေကုန်ပုံချည်းထိုင်ဆွဲနေကာ နေ့လယ်စာလည်းမစားထားသည်ကြောင့် သူ့နှလုံးသားက လက်ရှိအချိန်တွင်အလွန်ပင် ဆိုးဆိုးရွားရွား တုန်နေသဖြင့် အသက်ပင်ဝအောင်မရှူနိုင်တော့ပေ။ ရင်ထဲမှတင်းကျပ်မှုနှင့်အတူ မူးဝေလာပြီး သူ၏ခြေနှစ်ဖက်ကလည်း မခိုင်တော့သည်ဖြစ်ရာ သူသာနံရံကိုမကိုင်ထားခဲ့လျှင် သေချာပေါက်ပြုတ်ကျသွားလောက်ပြီဖြစ်သည်။

သူက နှုတ်ခမ်းများကို ကိုက်ကာသူ့ကိုယ်သူ နိုးထလာရန်တွန်းအားပေးလိုက်သည်။ ‌ထိုလူနှစ်ယောက်ရှေ့တွင်တော့ အောက်သို့ပြုတ်ကျမသွားလိုပါ။

I Woke Up And Was Pregnant (MMtrans)Where stories live. Discover now